[Uni Code]

3.8K 333 32
                                    

တစ်ခုခုလွဲမှားနေပြီလို့ထင်တယ်။

လာခဲ့တဲ့လမ်းက မှားနေပြီထင်လို့ ပြန်လှည့်မယ်လုပ်ကာမှ နောက်မှာပိတ်နေတာ နံရံတစ်ခုလို့ ဘယ်သူကထင်ပါ့မလဲ။ ဒါမှမဟုတ် သူမရောက်နေတာ ဝင်္ကပါတစ်ခုထဲများ ဖြစ်နေသလား။

"ငါပြောနေတယ်မလား မိုးရေထဲပြေးဖို့မစဥ်းစားနဲ့ ကျန်းမာရေးအတွက်မကောင်းဘူးလို့ "

စကားသံနှင့်အတူ မိမိ​ခြေလှမ်းများလည်း ရပ်သွားသည်။

အသံပိုင်ရှင်ကို သိပြီးသားမို့ တကူးတက ပြဿနာမရှာဖြစ်။ ဂျင်းနီလှည့်ကြည့်သည့်အခါ လီဆာ့မျက်လုံးညိုညိုများနှင့်တိုးသည်။

"တစ်ပတ်မှာတစ်ခါလောက်က ဘာမှမဖြစ်ပါဘူး "

"တစ်ပတ်မှာတစ်ခါတောင် မိုးရေထဲမပြေးတာက ပိုကောင်းတယ် "

လီဆာက စတော်ဘယ်ရီနို့ဗူးကို လက်တစ်ဖက်မှကိုင်ထားပြီး အရှေ့ကိုကြည့်ရင်းပြောသည်။ ခပ်လှမ်းလှမ်းက မြေကြီးပေါ်မှာကျနေသည့် ဆေးလိပ်ခမျာ မီးသတ်ဖို့တောင်မလို။ ငိုနေသည့်ကောင်းကင်ကြောင့် သူ့ဟာသူပင် မီးငြိမ်းသွားရှာသည်။

ဂျင်းနီ ဘာပြန်​ပြောရမယ်မသိ။ ထို့နည်းတူစွာ လီဆာ့ကိုလည်း ဒေါသမထွက်။ လုပ်ပိုင်ခွင့်ရှိမရှိကိုလည်း သူစိတ်မဝင်စား။ သူစိတ်ဝင်စားသည်က လီဆာစိတ်ပူသလားဆိုတာပင်။

သို့သော် ဂျင်းနီမမေးဖြစ်ပါ။
မေးလို့လည်းမဖြစ်။

"မိုးရွာထဲမှာပြေးရတာ​က တန်ဖိုးရှိတယ် "

"ကျန်းမာရေးက ပိုတန်ဖိုးရှိတယ် "

စကားဆက်မပြောဖြစ်ကြတော့။ လီဆာနှင့်အတူ ဆင်ဝင်အောက်တွင်ရပ်ရင်း အပြင်ကမိုးစက်များကိုကြည့်နေခြင်းက ဂျင်းနီကို အလွန်အမင်းသက်တောင့်သက်သာ ဖြစ်စေသည်။

အကယ်၍ သူမကသာ လီဆာ့လက်ကိုဆုပ်ကိုင်ထားခွင့်ရမယ်ဆိုလျှင် ပိုကောင်းမည်ဟု ဂျင်းနီထင်သည်။

Unforseen Feelings [One Shot]Where stories live. Discover now