Part-16 (🔞🚨)

2.4K 183 10
                                    

Uni

မီးအနည်းငယ်နီပါမယ် မိုက်ရိုင်းတဲ့ အသုံးအနှုန်းတွေလည်းပါလာနိုင်တာမို့ မဖတ်ဘူးဆိုကျော်သွားနိုင်ပါတယ်ရှင့်

3rd person pov

Xiao Zhan ကို Yibo စကားမပြောတာတစ်ပတ်လောက်ရှိနေပြီ သူဒေါသထွက်နေတာ နောက်ပြီးXiao Zhan ကသူကို တောင်းပန်စကားပြောသင့်တယ်မဟုတ်လား မပြောတောင် အနည်းဆုံး သူ့ကိုချော့သင့်တယ်မဟုတ်လား ဒါပေမယ့် သူကအဲ့တာတွေ ဘာတစ်ခုမှမလုပ်ဘူး!!

Xiao Zhan သူ့ကို တစ်ချက်လှမ်းကြည့်လိုက်တာကို သူသိတယ် ဒါပေမယ့် အကြည့်တစ်ချက်ကလွဲပြီး သူ့ကို စကားလာပြောမယ့် အရိပ်အယောင်ကို မတွေ့တာ

Yibo သူ့နဲ့ Xiao Zhan ရဲ့ပြသနာအကြောင်းကို တွေးရင်းအလုပ်ရှုပ်နေတုန်း သူ့ကိုကြိုက်နေကြောင်း အရင်တုန်းက ဝန်ခံထားတဲ့ ကောင်မလေး Lu Enjie ခေါ် LuLu သူ့ဆီကို လှမ်းလျှောက်လာတယ်

"Hay Yibo! ဘာတွေတွေးနေတာတုန်း?"

သူမက အရှက်မရှိ Yibo ရဲ့စားပွဲခုံပေါ် ပိုင်ဆိုးပိုင်နင်း တက်ထိုင်လိုက်တယ်

Yibo သူမကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်တယ် "ဘာမှမဟုတ်ဘူး"

"ဘာမှမဟုတ်ဘူးလဲပြောသေးတယ် ဘာလို့အရမ်းကြီးတွေ serious ဆန်တဲ့ပုံပေါက်နေရတာတုန်း? တွေ့လား... နင့်ရဲ့ မျက်ခုံးတွေက တွန့်ချိုးနေတာဘဲ"

သူမက Yibo ရဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးကို ထိဖို့ကြိုးစားလိုက်ပေမယ့် မထိခင်မှာဘဲသူမရဲ့ လက်တွေက Yibo ရဲ့ပုတ်ထုတ်ခြင်းခံလိုက်တယ်

ကောင်မလေးက စောစောတုန်းက ဖြစ်သွားတာကို ဘာမှမဖြစ်သွားသလိုမျိုး လျှစ်လျှူရှုလိုက်ပြီး ပုံမှန်အတိုင်းပြန်နေလိုက်တယ် ပြီးတော့ သူမက Yibo ရဲ့ခန္ဓာကိုယ်နားကိ ပိုကပ်သွားပြီ တိုးတိုးလေးကပ်ပြောလိုက်တယ်

"Yibo... ငါနင့်ကို တစ်ခုလောက်မေးလို့ရမလား?"

ထပ်ပြီးတော့ Yibo တစ်ယောက် ကောင်မလေးကို လှည့်တောင်မကြည့်ဘဲ ပြန်ဖြေလိုက်တယ်

"အင်း"

"နင်ပြောတယ်မလား နင်တစ်ယောက်ယောက်ကို ချစ်နေတယ်လို့လေ ဒါပေမယ့် နင်တို့နှစ်ယောက်က အတွဲတွေ မဟုတ်ဘူး.. ငါမှန်တယ်မလား?"

My Favorite Laoshi (Myanmar Translation)Crd To nnaj2004Where stories live. Discover now