Zawgi
အီးဟီး အီးဟီး.........အီးဟီး
တိတ်ဆိတ်နေသော ညဘက်ရဲ့ လရောင်အောက်မှာ ကလေးငယ်တစ်ယောက်ရဲ့ငိုသံက ကျယ်လောင်စွာထွက်ပေါ်နေတယ်။
Boy-ကျစ် ဒီကောင်လေးကဘာလို့ဒီလောက်ငိုနေတာလဲ
ပုံမှန်ဆို ဘယ်သူကိုမှဂရုမစိုက်တတ်တဲ့ Taehyungက ဒီကောင်လေးကိုထွက်ကြည့်ဖြစ်တယ်
Th-ဟိတ်ကောင်လေး ဘာလို့ငိုနေတာလဲကွာ
boy-အီးဟီး နာတယ် အီးဟီး
Th-ဟင်
ဒီကောင်လေးပြောမှTaehyungသေချာကြည့်မိတော့တယ်။ ခြေထောက်မှာသွေးထွက်နေတာပဲ ပြုတ်ကျထားတာဖြစ်မယ်
Th-မင်းမိဘတွေကော
boy-သူ သူတို့က ဟင့် မနက်ဖြန်မှပြန်လာကြမှာ ဟင့်
Th-ငါ့အိမ်သာလိုက်ခဲ့တော့
boy-မထ နိုင်ဘူး
Th-ကျစ် ဟင် မင်းကလူကောဟုတ်ရဲ့လား
Boy-ဟုတ် ဟုတ်ပါတယ်
ဒီလိုမေးခြင်းက တခြားမဟုတ်
ဒီကောင်လေးကိုပွေ့ချီလိုက်တာ ခေါင်းအုံးတစ်လုံးကို သယ်လိုက်ရသလိုပဲ ပေါ့ပေါ့လေးဖြစ်နေလို့သာTh-မင်း နာမည်က
Boy-Jeon Jungkook
Th-Jeon......မင်းကဟိုဘက်အိမ်ကမလား
Jk-ဟုတ်
Th-ရောက်ပြီ ဒါငါ့အခန်း
Jk-အွန်း
Th-ခြေထောက်ပေး
Jk-ဗျာ
Th-ဘာလဲ ငါဆေးလိမ်းပေးမလို့
Jk-ဟုတ်ဟုတ်
အနေအေးပြီး ဘယ်သူကိုမှအရောမဝင်တဲ့Kim Taehyungဆိုတဲ့ကလေးဟာ ဒီကောင်လေးနဲ့ရင်းနှီးသွားခဲ့တယ်။
အရမ်းကိုကြောက်တတ်ပြီး သူငယ်ချင်းတွေမထားတတ်တဲ့ Jeon Jungkookဆိုတဲ့ ကလေးဟာ ဒီလူသားလေးနဲ့တော့ သူငယ်ချင်းလုပ်ခဲ့တယ်။
မိဘချင်းကလဲ ရင်းနှီးသူမို့ 8နှစ်အရွယ်ကလေးနှစ်ယောက်ဟာ လွတ်လပ်စွာ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီကြရင်း မေတ္တာတွေထားခဲ့ကြတဲ့ကလေးနှစ်ယောက်ဟာ အခုဆို12နှစ်ထဲရောက်လာကြပြီ။