Ch(8)

10.1K 1K 486
                                    

ကိုယ့်ရဲ့အကြွေးရှင်လေး
(Ch-8)

""အားကျွတ်ကျွတ်မူးလိုက်တာ ..""

မနက်လင်းတော့ စောင်ပုံကြားက
တိုးထွက်လာတဲ့ခေါင်းစုတ်ဖွားလေး။

အိပ်ရာထခါစမို့ နှုတ်ခမ်းထော်လေးက
ငှက်ကလေးအသာတောင်းနေသလို
ချွန်ထွက်နေသေးသည်။

(အစာခွံ့ချင်တဲ့ ငှက်မိခင်များ တန်းစီပါ)

ငါ .
မနေ့က ဆိုဂျုသောက်တာလွန်သွားတယ်ထင်ပါရဲ့
ခု ခေါင်းတေမူးပီး အရက်နာကျသလိုဖစ်နေတယ်

ရုတ်တရက်ထရန်ပြင်ပီးစောင်ကိုခွါလိုက်တော့
အောက်ကဝတ်ထားတာတွေကိုသတိထားမိသွားသည်။ သူ့ကိုယ်သူပြန်စမ်းပီးနောက်

"ညအိပ်ဝတ်စုံကြီးဖစ်နေပါ့လား?"

အို့ ခိုင်မော့
ဂျောင်..ဂျောင်ကု ...လဲပေးခဲ့တာလား?

ရှက်စရာကြီး
ငါ့ရဲ့ပိန်ပိန်သေးသေးခန္ဓာကိုယ်လေးကို
လှောင်များလှောင်ရီနေမလား?
ဖြူဖက်ဖြူရော်အသားအရည်လေးကို
ကဲ့များကဲ့ရဲ့နေမလား?

ဒါမဲ့..မနေ့က ဘာမှမဖစ်ခဲ့တာ
သေချာသလောက်ရှိမာပါလေ ..
ငါ့ တင်ပါးတေ နာမနေဘူး ဆိုတော့..

သူ့တင်ပါးသူ ကိုင်ညှစ်ကြည့်ပီး
အတည်ပြုသင့်တာပြုပီးနောက်

အိပ်မှုန်စုံမွှား နဲ့
အခန်းအပြင်ထွက်လာလိုက်တော့

ဧည့်ခန်းထဲမှာဂျောင်ကု မန်နေဂျာ
မန်နေဂျာချွဲရောက်နေသည်။

ဘေးမှာလဲဂျောင်ကုက
သူ့ဖုန်းကိုကိုင်ရင်းမျက်နှာမကောင်းချေ။
ဒေါသထွက်နေတာဆို ပိုမှန်မည်။

နံရံထောင့်ကို အသာကပ်ကာ
အခြေနေအရပ်ရပ်ကို ခိုးနားထောင်နေလိုက်သည်။

"နေစမ်းပါဦး ဗျာ
အဲ့သတင်းထောက်တွေက တကယ်ပဲ အားယားနေကြတာလား??? ဒီလိုအခြေမြစ်မရှိတဲ့သတင်းတုတေနဲ့ကျနော့်အောင်မြင်မှုကို ဟန့်တားလို့ရမယ်များထင်နေသလား"

ဖုန်းကို ကိုင်ရင်း
စိတ်ဆိုး ပန်းဆိုး မျက်နှာဆိုး နဲ့
မချိတင်ကဲရေရွတ်လိုက်တဲ့ဂျောင်ကု

ကိုယ့်ရဲ့အကြွေးရှင်လေး (U+Z)Nơi câu chuyện tồn tại. Hãy khám phá bây giờ