Recommended Background Music - "Magic Shop" by BTS
(Magic shop သီချင်းနားထောင်ရင်း ဒီ fic အတွက် အကြံကိုရတာမို့ title ကိုလဲ ဒါပဲပေးလိုက်ပါတယ်။ BTS မကြိုက်တဲ့ ဇာတ်လမ်းဖတ်သူတွေပါခဲ့ရင်ဆိုတာကိုလဲတွေးမိလို့ ကြိုတောင်းပန်ပါတယ်။ တကယ် Heal ဖြစ်စေတဲ့သီချင်းဖြစ်တာကတစ်ကြောင်း၊ အဓိပ္ပါယ်သိထားရင် ဒါလေးဖတ်ရတာ ပိုပြီး သေချာခံစားလို့ရမှာဖြစ်တာကတစ်ကြောင်းကြောင့် ဒါမဖတ်ခင်မှာ သီချင်းရဲ့ မြန်မာဘာသာပြန်လေးတော့သွားကြည့်လိုက်စေချင်ပါတယ်။ Jennie နဲ့ပတ်သတ်ပြီး ကောင်း၏ဆိုး၏ ခံစားနေကြရမှာသိလို့ တမင်သက်သက် ဒါကိုနားထောင်ပြီး အကြံထုတ်ရေးဖြစ်တာပါ။ ဟန် ချည်တိုင်အတွက် ခေါင်းစားနေတဲ့ကြားကနေ one shot တစ်ပုဒ် မရရအောင် ညတွင်းချင်းထိုင်ရေးတာပါ။ ည ၁၁ခွဲကနေစရေးတာ အခု အကုန်ပြီးလို့ ဒီစကားချပ်ကိုထည့်နေတဲ့အချိန်က မနက်နှစ်နာရီခွဲနေပါပြီ။ တစ်ခုခုမခံစားရရင်တောင် နည်းနည်းလေးဖြစ်ဖြစ် စိတ်တွေသက်သာစေဖို့ မျှော်လင့်ပါတယ်)
🪄🚪
သူ့ကိုမြင်တိုင်း ဘယ်လိုခံစားရသလဲဆို သမုဒ္ဒရာတစ်ခုရဲ့ ရေပြင်ပေါ်မှာရပ်ပြီး တယောညိုတစ်ခုကို မျက်စိစုံမှိတ် တီးခတ်နေရသလိုပေါ့။ နောက်ပြီး တိမ်စိုင်တစ်ခုပေါ်မှာ ခြေတွဲလောင်းချထိုင်ရင်း ဖြတ်သွားတဲ့ ငှက်တွေကို စကားလှမ်းပြောရသလိုပေါ့။ တောအုပ်ငယ်တစ််ခုရဲ့အဆုံးကိုသွားရင် မှော်ဆန်ဆန်အိမ်ငယ်လေးတစ်ခုကို တွေ့ရမယ်လို့ ယုံကြည်ခဲ့တဲ့ Jennie ဟာ သူမဘဝရဲ့ အဆုံးသတ်လို့တွေးထားတဲ့အချိန်မှာ အိမ်ငယ်လေးအစား လက်တစ်စုံကို တွေ့ခဲ့ရပါတယ်။ သူပြောခဲ့တယ်။ သူပြောခဲ့တာလေး .... "လှမ်းသာလှမ်းခဲ့ပါ .. လက်ချင်းတွဲမိသွားတာနဲ့ ဒီကမ္ဘာဟာ ငါတို့အပိုင်ပဲ" တဲ့။
🪄🚪
"လက်ကိုမြဲမြဲကိုင်ထားနော်"
ခြေချော်ကျသွားတာမဟုတ်ဘူးလို့ သေချာပေါက်သိနေလောက်တဲ့သူက Jennie လက်ကို အတင်းဆွဲပြီး တံတားအပေါ်ပြန်ရောက်အောင် ဆွဲတင်နေတယ်။ မနက်သုံးနာရီအချိန်ဟာ လူပြတ်လပ်နေဖို့လုံလောက်တယ်မလား။ ဘာကြောင့်များ သူက Jennie ကို တွေ့ရသလဲ။
YOU ARE READING
Magic Shop (JenSoo One Shot)
Fanfictionလှမ်းသာလှမ်းခဲ့ပါ .. လက်ချင်းတွဲမိတာနဲ့ ဒီကမ္ဘာဟာ ငါတို့အပိုင်ပဲ