Unicode
이 삶의 나쁜 운명 ...
ဒီဘဝရဲ့ ရေစက်ဆိုး ...
×××
စာလုပ်ရင်းက ပိုပိုနာလာတဲ့ နဖူးက ဒဏ်ရာကို လက်ချောင်းများနှင့် အသာပွတ်သပ်ရင်း မျက်လုံးများကို မှိတ်ထားမိသည်။ တစ်အိမ်လုံး အိပ်မောကျပြီး တိတ်ဆိတ်နေတာကြောင့် အသံမထွက်အောင် သတိထားပြီး လွယ်အိတ်ထဲက ဒဏ်ကြေဆေးဘူးလေးကို နှိုက်လိုက်သည်။ ညနေက အဖြစ်အပျက်များက မတွေးဘဲ ခေါင်းထဲပြန်ပေါ်လာတော့ ရင်ထဲက ဆစ်ခနဲ နာသည်။
လောကကြီးမှာ မိဘမစုံလင်တာ ကိုယ်တစ်ယောက်တည်းမဟုတ်တာကြောင့် ဝမ်းမနည်းပေမယ့် ကျန်ရစ်သည့် မိဘတစ်ပါးက နောက်အိမ်ထောင်မပြုဘဲ တစ်ယောက်တည်း သားသမီးများကို ပြုစုနေသည့် မိသားစုများကို မြင်ရင်တော့ ဝမ်းနည်းသည်။ အမေဟာ ဘာကြောင့် ကိုယ့်အပေါ်မကောင်းသည့် ယောက်ျားတစ်ယောက်နှင့် နောက်အိမ်ထောင်ပြုပြီး ဘဝကြီးကို ရှေ့ဆက်ခဲ့လဲ သူမတကယ်မသိပါ။ ယခုတော့ ထိုဝဋ်ကြွေးကို အမေတင်မက သူမတို့ ညီအစ်မနှစ်ယောက်ပါ ခါးစည်းခံနေရတာ တွေးမိတိုင်း ဒေါသနှင့်အတူ မျက်ရည်ကပါ ဝဲချင်သည်။
ဒီညနေကလည်း ကျောင်းကနေ ပင်ပန်းပြီး ပြန်လာသော သူမကို ရောက်ရောက်ခြင်း အမောဆို့ဖွယ် မြင်ကွင်းက ဆီးကြိုနေသည်။ ပထွေးဖြစ်သူ Kim Young Min ထုံးစံအတိုင်း အရက်မူးပြီး အမေ့ကို ရစ်နေတာ။ ဒီမြင်ကွင်းက မထူးဆန်းတော့ပြီမို့ ဘာမှမပြောဘဲ ကိုယ့်အခန်းထဲကို ဝင်ဖို့ ခြေလှမ်းပြင်လိုက်တုန်း
"Kim Taeyeon နင်လာဦး"
လက်သီးကို တင်းနေအောင် ဆုပ်လိုက်မိရင်း မျက်လုံးများကို တစ်ချက်မှိတ်လိုက်သည်။ သက်ပြင်းတစ်ချက်ချကာ နောက်လှည့်လိုက်တော့ နဖူးကို အရှိန်ပြင်းပြင်းနှင့် ဝင်ဆောင့်သော အရာတစ်ခု။ ရုတ်တရက်မို့ ရှောင်ချိန်မရလိုက်ဘဲ နဖူးမှာ ပူထူသွားသော ခံစားချက်ကြောင့် မျက်လုံးများကို အထိတ်တလန့် မှိတ်လိုက်မိသည်။ ကြမ်းပြင်ပေါ် ကျသွားသော အရာကို အသေအချာကြည့်လိုက်တော့ နဖူးကိုမှန်ပြီး ကျသွားတဲ့ ဆေးလိပ်ပြာခွက်က မှောက်လျက်သား။
YOU ARE READING
Dear You