Part 3
" မင်း ဒီနေ့ခရီးသွားရမယ် "
လက်ထပ်ပြီးပြီးချင်းကြားလိုက်ရတဲ့ စကားကြောင့် ကျွန်တော်နဲ့ ဝမ်လေး ပျော်ရွှင်စရာ မင်္ဂလာဦးညအတွက်ကြောင့် ရယ်လိုက်မိသည်
" ဟုတ်ကဲ့ အစ်ကို "
အဲ့ဒီစားပွဲပေါ်မှာ လေယာဉ်လက်မှတ်ရော့ မင်း passport ရော့
" ဟုတ်ကဲ့ အစ်ကို "
လေယာဉ်လက်မှတ်တစ်စောင်နဲ့ Passport
ရိကျန့်အံသြဆွံအသွားသည်" ဝမ်လေးအတွက်ရော့ အစ်ကို "
" ရိပေါ်က passport. မှမရှီတာဘယ်လိုလုပ်မင်းနဲ့ လိုက်နိုင်မှာလဲ ရိပေါ်အိမ်မှာနေခဲ့လိမ့်မယ် "
" ကျွန်တော်နဲ့ ဒီနေ့မှလက်ထပ်ထားတာကိုး ဒီနေ့ထားခဲ့ရမယ် "
" မတက်နိုင်ဘူး ဂျပန်က အလုပ်ကိစ္စ အရေးကြီးတယ် မင်းကတိအတိုင်း အခုချက်ခြင်း လေယာဉ်ကွင်းသွားဖို့ ပြင်ပါ "
" အစ်ကို ကျွန်တော်ကတိပေးတယ်ဆိုတာ ဝမ်လေး နဲ့ အတူတူနေဖို့ ကတိပေးထားတာလေ "
" ရိကျန့် မင်းဘာဖြစ်နေတာလဲ မင်းဂျပန်က ပြန်လာရင် ရိပေါ်နဲ့ အတူနေရပြီပဲ "
" ဒါတော့မတရားဘူး လူကြီး
ကျွန်တော်တို့ အတူတူနေချင်လို့ လက်ထပ်တာ အခု ခင်ဗျားလုပ်ရက်က တရားလွန်နေပြီ "အစွာလေးပါ့လား
" မင်းကောင်လေးက စွာလှချည်လား ငါက မင်းလက်ထပ်သွားလို့ ဂျပန်ကုမ္ပဏီခွဲကို အမွေပေးချင်လို့ ဆုံးဖြတ်တာနော် ဒါတောင်မင်းက မလုပ်ချင်ဘူးလား "
" ကျွန်တော် သွားပါမယ် အစ်ကို ဝမ်လေးကို Password လျှောက်ပေးပြီး ကျွန်တော်နောက်ကို ထည့်ပေးလိုက်ပါနော် "
" ကောင်းပြီ ငါစီစဉ်ပေးလိုက်မယ် မင်းသာအရင်ဆုံးသွားနှင့် "
" ဟုတ်ကဲ့ အစ်ကို "
မင်္ဂလာဦး အခန်းမှာ ခရီးဆောင်အိတ်ထဲ အဝတ်ထည့်ပေးရင်း နှုတ်ခမ်းဆူနေတဲ့ ကျွန်တော်ကလေးလေး
" ဝမ်လေးစိတ်ဆိုးနေလား "
"စိတ်ဆိုးယုံတင်မဟုတ်ဘူး ကိုကို အဲ့ဒီ ရှောင်ကျန့်ဆိုတဲ့လူကြီးကို အသေပါသတ်ချင်တာ "
" ဟားဟားဟား "
" ရယ်နေနိုင်သေလား ကိုကို "
" စိတ်ကြီးလိုက်တာ ကိုကို ကလေးလေးက "
"ဒီတစ်ပတ်အတွင်း ဝမ်လေးလိုက်လာလို့ရအောင် အစ်ကိုက စီစဉ်ပေးပါလိမ့်မမယ်. အခုဟာက အလုပ်က အရမ်းအရေးကြီးလို့နေမှာ ကိုကိုအလုပ်ကြိုးစားတော့ ဝမ်လေးနဲ့ အိမ်အသစ်တစ်လုံးဝယ်ပြီး အတူတူနေနိုင်တာပေါ့ ဟုတ်ဘူးလား "
"ဟုတ်ကဲ့ "
" ကိုစိတ်ပူတာ ဝမ်လေးကဒီအိမ်မှာ နေလို့အဆင်ပြေပါ့မလား "
" passport လုပ်ဖို့ တစ်ပတ်ပဲနေရမှာပဲ ကြိတ်မှိတ်ပြီး နေလိုက်ပါမယ် ကိုကို "
" အင်း ကလေးလေး "
ကလေးလေး ကိုနမ်းလိုက်သည် အရမ်းလွမ်းနေရတော့မှာပဲ ကလေးလေး အမြန်ဆုံး လိုက်လာနိုင်ပါစေ
YOU ARE READING
ဗီလိန်
Fanfictionအချစ်ဆိုတာ ငါအတွက်တော့ရယူခြင်းပဲ ဘယ်လိုနည်းနဲ့ရရ မင်းကိုရအောင်ယူမယ်