Ep-6

7.5K 386 4
                                    

ပန်းကမ္ဘာထဲအလည်ရောက်သွားတဲ့ရိပေါ်ကြောင့်အိမ်ကိုဆရာဝန်ပင့်လိုက်ရလေတယ်။

ခုတင်ပေါ်မှာမျော့မျော့သာကျန်တော့တဲ့ရိပေါ်ကတော့လက်မှာလဲဆေးသွင်းထားရတယ်။

ရှောင်းဝမ်လေးကလဲအိပ်ပျော်နေတဲ့ရိပေါ်နားမှာဘဲနေပြီးရှောင်းကျန့်ကိုသာပွစိပွစိလုပ်နေလေတယ်။

ဒယ်ဒီလုပ်လို့ပါပါးနေမကောင်းဖြစ်ရတာ.ပါပါးတစ်ခုခုဖြစ်ရင်ဒယ်ဒီ့ကိုမခေါ်တော့ဘူး

နေပါအုံး..သားပါပါးတောင်နေမကောင်းဖြစ်တာသားကဘာလို့ဘာမှမဖြစ်တာလဲ

သားသားမှမချားတာဒယ်ဒီရဲ့

~ဝမ်ရိပေါ်..မင်း သားကိုအရမ်းအလိုလိုက်လွန်းတယ်ကွာ...~

ဆေးသွင်းထားတာကုန်သွားတော့ရိပေါ်လဲနိုးလာကာ

သားသား

ပါပါး...ပါပါးဘယ်လိုနေလဲဟင်

ဘာမှမဖြစ်တော့ပါဘူးသားရယ်

နိုးပြီဆိုအောက်ဆင်းလာခဲ့.ထမင်းစားရမယ်

ဒယ်ဒီ.ပါပါးကနေမကောင်းသေးဘူးယေဘယ်လိုလုပ်အောက်ထပ်ဆင်းနိုင်မှာယဲ

ရပါတယ်သားရယ်.ပါပါးဆင်းနိုင်ပါတယ်

သားသားတွဲပေးမယ်ညော်

အလိမ္မာတုန်းလေးရှောင်းဝမ်ကတော့ရိပေါ်ကိုသူ့လက်သေးသေးလေးတွေနဲ့ဆွဲကာအောက်ထပ်ကိုဆင်းလာလိုက်တယ်။

ထမင်းစားခန်းထဲရောက်တော့ရှောင်းဝမ်လေးကိုခုံပေါ်တင်ပေးလိုက်ပြီး

ပါပါးခွံ့မယ်နော်

ဟုတ်

ထမင်းစားပြီးသွားတော့..

ဧည့်ခန်းထဲကဆိုဖာပေါ်ထိုင်ပြီးဖုန်းပြောနေတဲ့ရှောင်းကျန့်ကဖုန်းပြောပြီးသွားတော့ဆိုဖာကိုမှီကာစိတ်ညစ်နေသလိုမျက်ခုံးတွေကိုနှိပ်နေတာကြောင့်

ရိပေါ်လဲရှောင်းကျန့်ထိုင်နေတဲ့ဆိုဖာဘေးမှာဝင်ထိုင်လိုက်ကာ

ကိုကို..စိတ်ညစ်စရာကိစ္စများရှိနေလို့လား

ကုမ္ပဏီခွဲတစ်ခုဖွင့်ချင်လို့မြေနေရာရှာထားတာ.သင့်တော်တဲ့နေရာတော့တွေ့ထားပြီးပြီဒါပေမယ့်မြေပိုင်ရှင်ကသူ့မြေကိုမရောင်းနိုင်ဘူးပြောနေလို့

My husband is my Ge Ge(Completed)Where stories live. Discover now