{UNI} EP 2 [EDITON]

3.4K 219 61
                                    

အေးချမ်းတဲ့နေ၀င်ချိန်လေးက လိမ္မော်ရောင်သန်းပြီး နှစ်လိုဖွယ်ကောင်းသလို ၊ ဘာပကာသနမှမရှိ အဆောင်ယောင်တွေကင်းတဲ့ မောင့်စက်ဘီးလေးနောက်က ထိုင်ရတဲ့ ခံစားချက်ကလည်း ကျွန်မအတွက်တော့ ဘယ်တော့မှရိုးမသွားပေ ။ မောင်က တခြားသူတွေနဲ့မတူဘူး
ထူးခြားတယ် ၊ ဘယ်လိုထူးခြားသလဲဆိုရင်
ကျွန်မက အလုပ်သွားအလုပ်ပြန် စက်ဘီးတစ်စီးနဲ့ ပင်ပန်းမှာစိုးလို့ ကားလေး or ဆိုင်ကယ် ၀ယ်စီးပါ့လားမောင်ရယ် လို့ ပြောတော့ ပြန်ဖြေသည်က
သူ စက်ဘီး စီးတာ ကမ္ဘာမြေကြီးကို ဓာတ်ငွေ့ရန်က ကာကွယ်ပေးနေတာပါတဲ့ ။ တခြား ခေတ်လူငယ်တွေလို ကားအကောင်းစားလေးမှာ ငြိမ့်ငြိမ့်လေးထိုင်ပြီး ဟန်လုပ်ရတဲ့အလုပ်ကို မောင်မကြိုက်ပါ ။ မောင် က သူကားစီးလိုက်ရင် ကားက
ထွက်လာမဲ့ ဓာတ်ငွေ့တွေက ကမ္ဘာမြေကိုရော
လူသားတွေအပေါ်ကိုရော အကျိုးယုတ်လိမ့်မယ်တဲ့ ။ အဲ့သလိုလေးတွေးတတ်တာရော ဒီလို
စက်ဘီး နင်းတော့ သူလည်း ကျန်းမာတာပေါ့ဆိုပြီး စဉ်းစားတတ်တဲ့ ကျွန်မ မောင်က တကယ်ကို
နတ်သားလေး ။ တခါတလေတောင် မောင့်စက်ဘီးလေးကို မနာလိုမိပါသည် ။ မောင်က
သူ့စက်ဘီးကို ဘယ်နေရာသွားသွားအမြဲခေါ်တတ်ပြီး ကျွန်မထက်တောင် သူက မောင့်အနားမှာအချိန်ပြည့်ရှိသည်လေ ။ အဲ့သလိုဖြစ်လို့ ဖြစ်တယ်ကြောင်းပြောတော့ မောင်က

မ သိပ်ကလေး ဆန်လွန်းတယ်

တဲ့ ။ ဟုတ်တယ် ကိုယ်က
ကလေးဆန်တယ် ၊ မောင်နဲ့ ပတ်သက်ရင် ဘာကိုမှသည်းမခံနိုင်တဲ့ သ၀န်တိုမလေး y/n... အဲ့လိုချစ်လွန်းလို့ပဲ ဒုတိယအကြိမ် အသည်းကွဲရမှာသိပ်စိုးတာ ၊ တခါက..ဟိုလူ့ကြောင့် ဒီတခါသာ
မောင့်ကြောင့် y/n အသည်း ကွဲရမယ်ဆို သေချာတယ် မြန်မြန် အသက်တိုမိမှာ ။

"ညကျစောစောအိပ်နော်"

"Omm ပါ မောင်ကလည်းညနေပဲရှိသေးတာကို"

အိမ်ရောက်တော့ စက်ဘီး ပေါ်ကဆင်းဆင်းချင်း
ကိုယ့်ကို အမှာတမ်းချွေနေပါသော မောင် ။

"မောင်က မ အိပ်ရေးမ၀မှာစိုးလို့ပါ"

"အံမယ် ပိုပြီ"

မပိုမှန်းသိပေမဲ့လည်း မောင့်ဆီက စကားသံချိုချိုလေးတွေကြားချင်သေးတာမို့ မုသားသုံးလိုက်ရသေးသည် ။ ဒါကို မောင်ကဖြင့် ကျေနပ်အားရအပြုံးကြီးနဲ့ ကိုယ့်ခေါင်းကို ဖွဖွကိုင်ကာ ။

Lover (Reset)Where stories live. Discover now