မာနရဲ့ တဖက်ခြမ်းမှာ...
Part ~1ရီပေါ်နဲ့ ကျူးအာရှင်းတို့ ၂ယောက် ကျောင်းကနေ အိမ်ကို ခြေလျင်လျောက်၍ စနောက်၍ ပြန်လာနေစဥ် ကျူးအာရှင်းသည် ခြေခေါက်၍ လမ်းဘေး ပလက်ဖောင်းပေါ်မှ လမ်းပေါ်သို့ ကျသွားသည် ထိုစဥ်ရုတ်တရက် ကားတစ်စီးသည် အားရှင်းဆီသို့တည့် တည့် လာနေသည်
ကျွီ...............(ကား ဘရိတ် အုတ်သံ)
ကျူအာရှင်းနဲ့ ရီပေါ် လည်း ရုတ်တရက်ဆိုတော့ ကြောင်၍ ကားအားကြည့်နေကြစဥ် ကားပေါ်မှ လူတယောက်ဆင်းလာလေသည်"ဟေ့ မင်းဘလို လုပ်လိုက်တာလဲ ဟမ် ငါကား ဘရိတ်ကောင်းလို့ ပေါ့ မဟုရင် မင်းသေနေလောက်ပီ သေချင်ရင် ကိုယ့်ဘာသာ ရိုးရိုးသေ ငါ့လာဒုက္ခမပေးနဲ့ " ဟုရှောင်ကျန့်စိတ်တိုတို နဲ့ ပိတ်ဟောက်လိုက်လေသည်။
ရီပေါ်လည်း ကြောင်နေရာမှ
"ဒီမာ ဟေ့လူ ဘသူက သေချင်မာလဲ ဒါမတော်တဆဖြစ်သွားတာ ခဗျအဲ့လောက်ကြီးထိပြောစရာမလိုပါဘူး ခဗျလူကြီး လူကောင်းမဟုဘူးလား "ဟု ရီပေါ်လဲ ကျူးအာဘက်မှ ဝင်ပြောလေသည် ။
"ဘာ မင်းကောင်မလေးကလည်း မှားသေးတယ် ငါ့ကို လည်း မင်းက ပြန်စော်ကားသေးတယ် မင်းတို့ ဘာသာပလူလာပီး ဖစ်တာလေ မင်းတို့က ငါ့တောင်းပန်ရမာမဟုဘူးလာ မင်းက ငါ့ကို ပြန်စော်ကားနေတာ လူကြီး လူကြီး မှန်းမသိဘူး "
"လူကြီးဆို လူကြီးစကားပြောလေ ခဗျားက "
ထိုသို့ ရှောင်ကျန့်နဲ့ ရီပေါ် အခြေတင် ဖြစ် နေရာကို ကျူးအားမှ
"ဒီကအကို ညီမတော၈်ပန်ပါတယ်နော် ညီမ မတော်တဆဖြစ်သွားလို့ပါ ရီပေါ်စားလဲ တောင်းပန်ပါတယ်နော်"ဟု ရှောင်ကျန့်အားတောင်းပန်၍ ရီပေါ်ဘက်လှည့်ပီး "ရီပေါ် ငါဘာမှဖြစ်ပါဘူး ငါမှားတာပါ လာပါဟ ရန်မဖြစ်ပါနဲ့တော့ "ဟုပြောပီး ရီပေါ်အား အတင်းဆဲွခေါ်သွားလေသည် မသွားခင်လဲ "ဒီက အကို ညီမတို့သွားပီနော်"နှုတ်ဆက်သွားသော
ကျူးအာရှောင်ကျန့်လဲ မကျေနပ်ပေမယ့် တောင်ပန်သွားသော သူကြောင့် မကျေနပ် ကျေနပ်နဲ့ ကား မောင်း၍ သွားလိုသော နေရာသို့ သွားလေသည်
..............."ကျူးအား နင်ဘာလို့ ငါ့အတင်းဆဲွခေါ်လာတာလဲ"
အတင်းဆဲွခေါ်လာသော ကျူးအာအား ရန်လုပ်နေသောရီပေါ် နှုတ်ခမ်းလေး ထော်ထော် ပါးဖောင်းဖောင်းလေးနဲ့
"ရီပေါ်ရာ ငါမှားလို့ပေါ့ဟ ပီးတော့ သူက ငါတို့ထက် အကြီးလေဟာ အကြောင့်ဆဲွခေါ်လာတာပါ စိတ်မကောက်ပါနဲ့တော့ ရီပေါ်လေးရာ "
"ငါမကျေနပ်ဘူး အဲ့လူကြီး မိန်းမလို မိန်း မရနဲ့ ရန်လုပ်နေတာကို ဟွန့်နောက် တခါတွေ့လို့ကတော့ စကိတ်ဘုတ်နဲ့ ရိုတ်သစ်ပစ်မာ ဟင်းဟင်း"မူပိုင် တခြမ်းစောင်း ပြုံးနဲ့ပြောသောရီပေါ်
(me~ကျန့်ကော အစားရင်လေးမိပါ၏😁😁ကျန့်ကောရေ မတွေ့အောင်ရှောင်)
"အငြိုးကြီးလှချည်လား ရီပေါ်ရာ"
"ကြီးကြီးပဲ ခုနင့်ကြောင့် ငါဒေါသထွက်ရတဲ့တွက် ငါ့ hotpotလ်ုက်ကျွေး ဟိုကောင်တွေ hotpot ဆိုင်လှမ်းခေါ်လိုက် ကြားလား ကျူးအား "
ကျူးအားရဲ့ ကျွေး မယ် မကျွေး ဘူး အဖြေတောင် မစောင့်ဘဲ hotpotဆိုင် တည်နေရာသို့ သွားသောရီပေါ်
ဟိုကောင်တွေဆိုတာ ဟောက်ရွမ်းနဲ့ ကျန်းဖန်ရှင်း
ကျူးအာတယောက် ရီပေါ်နောက်ဖက် ခပ်သုတ်သုတ် ပြေးလိုက်ခဲ့ ရလေသည်.............................
ရှောင်ကျန့်တယောက် ကျန်းချန် တို့ ယီွပင်းတို့ ချိန်းသော ဆိုင်သို့ ရောက်လာလေသည်
ဒီနေ့က ရှောင်ကျိရန် အမေရိက ပြန်ရောက်လို့ ရှောင်ကျန့်တို့ သငယ်ချင်းတစု တွေ့ကြခြင်းဖြစ်သည်
ဟောတွေ့ပါပီ ငနာ၃ကောင်
"hi ရှောင်ကျန့်"
ကျိရန်မှ လက်ပြန်နှုတ်ဆက်လိုက်ခြင်း
"ငနာ မင်းကွာ ငါမာတော့ ငါ့ဦးလေးလည်း ဖြစ်တဲ့ မင်းကို လွမ်းနေတာ ငနာက ပြန်ရောက်ရောက်ချင်းငါ့ ဆီတောင်မလာဘူး"
ဟုပါတယ် ကျိရန်နဲ့ ရှောင်ကျန့်က အမျိုးပါငယ်ပေါင်းကြီး ဖော်လည်းဖြစ်ေရှာင်ကျန့် အဖေနဲ့ ကျိရန်က ညီကို ရင်းကြီးပါ ကျိရန်ကတော့ အဖိုးနဲ့ ရှောင်ကျန့်အဖေ ရှောင်ရှီးလင်ဆုံးပီး ကတည်းက နိူင်ငံခြားထွက်သွားသူ ဟိုမာကျောင်းတက် ခုလည်း ဆေးပညာနဲ့ ဘဲွ့ရပီးပြန်လာတာ ဟို၂ကောင်နဲ့လည်း ငယ်ငယ် ကတည်းက ပေါင်းလာကြတာ တက္က သိုလ် တက်ကြမှ ကဲွသွားတာ
ယွီပင်းကျ ရှောင်ကျန့်နဲ့ စီးပွါးရေးမေဂျာ ယူပီး
ကျန်းချန်ကျ ဆောက်လုပ်ရေး မေဂျာ
ကျိရန်ကျ နိုင်ငံခြားက ဆေးတက္ကသိုလ် သွားတက်ရော
ရှောင်ကျန့်အမေလား သူကတော့ ရှောင်ကျန့် ကို မွေးပီး မီးတွင်းမာပဲ ဆုံးသွားတာပေါ့ ရှောင်ကျန့် အဖေနဲ့ အဖိုးက ကား accidentဖြစ်ပီး ၂ယောက်လုံး တခါတည်းဆုံးသွားတာပါ ရှောင်ကျန့်နဲ့ ကျိရန် အထက်တန်းနောက်ဆုံးနှစ်ပေါ့ အဲ့ ချိန် က ရှောင်ကျန့်နဲ့ ကျိရန်တွက်ခက်ခဲဆုံးချိန်ပဲ အဖိုးနဲ့ အဖေတချိန်ထဲ ဆုံးတော့ အဖွားက ဟတ်ထိပီး မေ့လဲရာကနေ အသက်ပါပါသွားခဲ့တာပေါ့ အဲ့နောက်ပိုင်း ရှောင်gpပိုင် ကုမ္မဏီ မပြိုလဲအောင် ရှောင်ကျန့်နဲ့ ကျိရန် အတော်ကြိုးစားခဲ့
ရတယ် အခြေနေငြိမ်မှ စီးပွါးရေး စိတ်မဝင်စားတဲ့ ကျိရန်က နိုင်ငံခြားထွက်သွားပီး ရှောင်ကျန့်လဲ ကျောင်းကို အဝေးသင်တတ်ပီ ရှောင်ကုမ္မဏီကို ဦးစီးခဲ့ရတယ်
ခုမှ ပြန်ဆုံတော့ ရှောင်ကျန့်တို့ ၄ယောက် ရောက်တတ်ရာရာပြောနေကျလေသည်။............................Part ~ 1 End.................................
အရေးသား သီးခံပေးကြပါ ။ကျန့်ကောနဲ့ အူကြူး ချစ်လွန်းလို့ရေးတာပါ ။ဒါဒါအားလုံး ချစ်ပါတယ် ဝေဖန်ပါ အကြံပေးပါ စိတ်မဆိုးပါဘူး😁😁
#1.3.21(Mon)
By kitty💙
YOU ARE READING
မာနရဲ့ တဖက်ခြမ်းမှာ.....
Fanfictionရှောင်ကျန့် "ထပ်ချစ်ရမာ ကြောက်ပေမဲ့ မင်းကိုတော့ ချစ်တယ် မင်းကို တသက်လုံး စောင့်ရှောက်ချင်တယ် မင်းရဲ့ မာနလေးတွေကြောင့် ငါ့ပေါ်ကို အမြင်စောင်းနေတာ ငါနားလည်ပါတယ် ဒါလည်း မင်းကြုံတွေ့ရတဲ့ လောကဓံကြောင့်ဆိုတာ ငါနားလည်ပါတယ်ကွာ " ဝမ်ရီပေါ် "ဘသူ့ကိုမှ မယုံက...