Supernatural love story (Part 10)

366 32 3
                                    

Zawgyi
ကျောင်းကပြန်လာကတည်းက တမှိုင်မှိုင်တထွေထွေဖြစ်နေတဲ့သားဖြစ်သူကိုကြည့်ပြီး Wang Ma ခမျာ စိတ်ပူနေရှာတယ်

လန်ကျန့်တစ်‌ယောက် စိတ်ညစ်နေတုန်း ဖုန်းဝင်လာတော့ စိတ်တိုသွားတယ် ဘယ်သူဖုန်းခေါ်တာလဲဆိုတာတောင်မကြည့်မိဘဲ ဖုန်းကိုင်လိုက်တယ်

လန်ကျန့်"Hello"

XZ"Hello Yibo ဒီနေ့စာပြပေးဖို့ရှိတယ်"

ကြားလိုက်ရတဲ့ရင်းနီးတဲ့အသံလေးတစ်ခုကြောင့်ကိုယ်တိုင်တောင်သိလိုက်ဘဲ အပြုံးတစ်ခုကဖြစ်ပေါ်လာခဲ့တယ် နားကြားများမှားသလားဆိုတဲ့အတွေးနဲ့ ဖုန်းscreen ပေါ်ကိုဆုတောင်းတစ်ခုနဲ့အတူ ကြည့်လိုက်မိတဲ့အခါမှာတော့ မျက်နှာပေါ်ကအပြုံးက ဖုံးဖိလို့မရအောင်ပေါ်လွင်လာခဲ့တယ်

"အင်း ဘယ်အချိန်လဲ? ဘယ်မှာသင်မလဲ?"

"TU cafeကိုအခုလာခဲ့ပါလား အက်မှာပဲသင်ကြတာပေါ့"

"အော်....ဟုတ်ပြီ အခုလာခဲ့မယ်"

"အင်း အင်း ဒါပဲနော်"

"အင်း "

ဖုန်းချလိုက်ပြီး အားရပါးရအော်မလို့ရှိသေး ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ Ma က "သား ဘာတေအက်လောက်တောင်ပြုံးနေတာလဲ ခုနကကျတော့ တမှိုင်မှိုင်တထွေထွေနဲ့"

"ဟီး ဟီး..... ဘာမှမဟုတ်ပါဘူး မား သား စာသွားလုပ်မလို့ XiaoZhan လှမ်းခေါ်လို့ သွားလိုက်ဦးမယ်နော် မား"

"အော်... အေး အေး"

အဝတ်အစားလဲကာ မှန်‌ကိုပေါက်ထွက်မတတ်ကြည့်ပြီး ကိုယ့်ကိုကိုယ်ကြည့်ကောင်းတယ်ထင်မှ လွယ်အိတ်ကိုယူပြီး ထွက်လာလိုက်တယ်

"ဦးလေး ကျွန်တော့်ကို TU cafe ဆိုလား အက်ကိုလိုက်ပို့ပေးပါ"

"အော်..အေး အေး"

------------------------

ဆရာမက စာပြပေးဖို့တောင်းဆိုတော့ ကိုယ်လုပ်ခဲ့တဲ့ အပြစ်တေအတွက် ပြန်ပေးဆပ်ရတယ်လို့ သဘောထားပြီးပျော်ခဲ့ပေမယ့် မနေ့ကကိစ္စကြောင့် မျက်နှာမပြရဲဘူး ဒါကြောင့်ကျောင်းတစ်ခါမှ မပျက်ဖူးတဲ့ XiaoZhan တစ်ယောက်က ZhuoCheng ကိုအကြောင်းပြပြီး ကျောင်းပျက်လိုက်တယ် မထင်မှတ်ထားတဲ့ငါ့ကိုစာပြပေးနိုင်မလားဆိုတဲ့ ZhuoCheng ရဲ့စကားကြောင့် XiaoZhan တစ်‌ယောက်အကြံရသွားခဲ့တယ် ဘာပဲဖြစ်ဖြစ် နှစ်‌ယောက်တည်းမဟုတ်တော့ အနေမခက်တော့ဘူးပေါ့

Supernatural love story(Z+U)Where stories live. Discover now