🍰 1

505 20 8
                                    

ဂျိုဆွန်းခေတ် အိမ်ရှေ့စံကြင်ယာတော်ရွေးပဲတွင်ဖြစ်သည် ။
အိမ်ရှေ့စံ jeon jung kook သည် မိမိကိုအလုပ်ကျွေးပြုနေသော အမျိုးသမီး အမှုထမ်း အယောက် ၂၀၊ သက်တော်စောင့် ၅ယောက်၊မိန်းမဆိုး ၁ယောက်(ကိုရိးယားကားကြည့်တဲ့သူဆိုသိလိမ့်မယ် )နဲ့အတူ ကြင်ရာတော်ရွေးပွဲတည်နေရာသို့လျှောက်လှမ်းလာခဲ့သည် ။
အိမ်ရှေ့စံဆိုပေမယ့် မမောက်မာ ဘေးကအခြွေရံများနှင့်အလွန်ပင် ရင်းနှိးစွာနေထိုင်တတ်ပြီး ပြည်သူချစ်ခင်သော အိမ်ရှေ့စံတစ်ယောက်လဲဖြစ်သည် ။
ပွဲတော် နေရာသို့ရောက်သော် မင်းကြီးနှင့်မိဘုရားခေါင်ကြီးထိုင်နေသော နေရာဘေးတစ်ဖက် အိပ်ရှေ့စံနေရာသို့ဝင်ထိုင်လိုက်သည် ။ မင်းကြီးကလူစုံပြီဆိုတော့ ရှေ့မှာ ရွေမယ့်ကြင်ရာတော်တွေလဲစုံပြီ မှုးမတ်တို့လဲစုံပြီဆိုတော့

*သားတော် ကြိုက်တဲ့လူကို​ရွေးချယ်နိုင်တယ် သားတော် *

မင်းကြီး​မိန့်ပြီးသည်နှင့် စင်အောက်က ရွေးချယ်ပွဲ လာရောက်ကြတဲ့ မိန်းမပျိုလေးတွေကိုတစ်ချက် လှမ်းကြည့်လိုက်သည်။
ရှေ့ဆုံးတန်း ၃ယောက်မြောက်တွင်ထိုင်နေသော မိန်းမပျိုလေးအား လက်ညှိုးထိုးလိုက်ပြီး

* ပညာရေး အမတ်ရဲ့သမီးကို သဘောကျတယ် ခမည်းတော် *

မင်းကြီးလည်း Jeon အိမ်ရှေ့စံကိုလှည့်ကြည့်လိုက်ပြီး

*သားတော်က သိနေတာလား *

jeon အိမ်ရှေ့စံစကားကြောင့် ထိုအမျိုးသမီးလေးမှာ ခေါင်းလေးငုံ့ပြီးရှက်ပြုံးလေး ပြုံးလိုက်မိသည်။

*သိတာပေါ့ ခမည်းတော်ရဲ့ သားတော်နဲ့ကြိုက်နေတာလေ *

*ဟေ သားတော်အခုမှ ၁၈နစ်ပြည့်တာလေ *

*သားတော်တို့က ၁၆နစ်ထဲကကြိုက်နေတာပါ ခမည်းတော် *

မိဘုရားကြီးလဲသိပြီးသားဖြစ်၍မအံ့သြ မင်းကြီးသာ သားတော်ရဲ့အစွမ်းစကိုအံ့သြမိနေသည် ။

jeon အိမ်ရှေ့စံကို တိုင်းသူကြည်သားတွေကော မှုးမတ်တွေကကော ချစ်ကြသည် ။မင်းကြီးကိုယ်တိုင်လဲ သားတော်စကားဆို တစ်ခွန်းမကျန်ဖြည့်ဆည်းပေးတတ်သူ။ joen အိမ်ရှေ့စံက လိမ္မာရေးခြားရှိပြီးနောင်တစ်ချိန် တိုင်းပြည်ရေးကို စံမံအုပ်ချုပ်နိုင်မယ့်လူဆိုတာယုံကြည်လက်ခံထားကြသည် ။ သိုပေမယ့် လမင်းကိူခွေးဆွဲတယ်ဆိုတဲ့စကားပုံလို ဒါတွေကို မကျေနပ်တဲ့ အမတ်တစ်စုလဲ ရှိနေသေးသည် ။

You've reached the end of published parts.

⏰ Last updated: Mar 02, 2021 ⏰

Add this story to your Library to get notified about new parts!

Cupid Pancakers Where stories live. Discover now