Unicode

889 80 12
                                    

မြူနှင်းတွေကျဆင်းနေသော ဆောင်းနံနက်ခင်းတစ်ခုပင်ဖြစ်သည်။နေမင်းကြီး၏ အလင်းရောင်များသည် Parisမြို့ကိုကာရံထားသည့် Montmartre တောင်တန်းကြီးပေါ်ကနေ တစ်မြို့လုံးကိုဖြာကျလာသည်ကိုကြည့်ခြင်းအားဖြင့် အချိန်အားဖြင့်မစောတော့ကြောင်း သိရလေသည်။သာမန်လူဖို့ Montmartre တောင်တန်းကြီးပေါ်မှ အောက်ဘက်Parisမြို့ပေါ်သို့နေရောင်များဖြာကျလာသည့် မြင်ကွင်းသည် ရင်သက်ရှုမောဖွယ်ဖြစ်သော်လည်း Professor Auguste Lyonအတွက်တော့ ထိုမြင်ကွင်းသည် သူ့အလုပ်နောက်ကျနေကြောင်းကို ပြသည့်မြင်ကွင်းတစ်ခုပင် ဖြစ်၍တခြားသူများကဲ့သို့မြင်ကွင်းအလှအားခံစားဖို့ အတွေးမရှိချေ။နှင်းများဖုံးနေသော အဓိကလမ်းမကြီးတစ်လျှောက်ကို ပြေးလာရင်း Auguste တစ်ယောက်နောက်တစ်ခါဘယ်တော့မှ Beerကိုနှစ်ဗူးထက်ပိုမသောက်
တော့ရန်တွေးလိုက်သည်။မနေ့ညက ငယ်သူငယ်ချင်းတွေနဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ
တွင်သူBeerငါးဗူးလောက်သောက်မိပြီး ဒီမနက်မထနိုင်လို့အခုလို နောက်ကျနေရခြင်းပင်။

ဒီနေ့အဖို့Augusteတစ်ယောက်ကံဆိုးသည်ထင်ပါ့ နောက်ကျနေလို့အလောတကြီး ပြင်ဆင်ပြီးထွက်လာမိတာ ကားသော့ပင်မေ့ခဲ့လို့ Taxiငှားပြီး သူစာသင်ရာ Paris Descartes University သို့ထွက်လာခဲ့သော်လည်း လမ်းတွင်နှင်းတွေဖုံးနေပြီး ကားများသွားရန်လမ်းရှင်းနေသည်နှင့်ကြုံရတာဖြစ်လို့ Augusteတစ်ယောက်ထပ်ပြီး အချိန်စောင့်မနေတော့ပဲ မဝေးတော့သည့် Paris Descartes University သို့ကိုယ့်ရဲ့ခြေထောက်တွေနဲ့သာပြေးလာလိုက်တော့
သည်။Universityသို့ရောက်ခါနီး လမ်းကြားတစ်ခုကိုဖြတ်တော့ တိုက်ခိုက်သံတွေကြားလိုက်ရလို့ Augusteတစ်ယောက် စပ်စုစိတ်ဖြင့် လမ်းကြားလေးထဲ လှမ်းကြည့်လိုက်တော့ ကောင်လေးတစ်ယောက်နှင့် တခြားကောင်လေးငါးယောက် တို့အပြန်အလှန်ရန်ဖြစ်နေကြခြင်းပင်။ငါးယောက်တစ်ယောက်ပေမဲ့ တစ်ယောက်တည်းကောင်လေးသည် ကျန်ငါးယောက်အား မြေပေါ်အလှဲသိပ်နိုင်လိုက်သည်။ထို့နောက်ကောင်လေးသည် မြေပေါ်ကသူ့လွယ်အိတ်အား ကောက်လွယ်ပြီး လမ်းကြားကနေထွက်လာရာ လမ်းကြားရှေ့ကနေရပ်ပြီးကြည့်နေမိတဲ့ Augusteနဲ့တန်းတိုးတော့သည်။

Professorရဲ့ဂျစ်တူးလေး (One Shot)Where stories live. Discover now