Unicode
"ကိုယ် နမ်းချင်တယ်..."
Taehyung တစ်ယောက် နှုတ်ခမ်းဖူးဖူးလုံးလုံးလေးကို
မြင်ပြီးစိတ်ထဲက ရမ္မက်စကားများ အပြင်ဖိတ်ကျလာခဲ့တာ
ကိုယ်ကိုတိုင်တောင်မသိလိုက်......Jimin လည်း ရုတ်တရက်လန့်ပြီး သူ့ရှေ့ကိုတဖြည်းဖြည်းတိုးလာတဲ့
ခန္ဓာကိုယ်ကို တွန်းဖယ်ကာ"ဟမ်.. hyung ဘာတွေပြောနေတာလဲ.."
ထိုလူသားလေးရဲ့ စကားပြောသံကြားမှ အသိစိတ်တို့ဝင်လာခဲ့သည်
" hum..arr sorry ပါကွာ တစ်နေ့လုံး
နည်းနည်းလေးတောင် မနားရသေးတော့ စိတ်နဲ့လူနဲ့ မကပ်ဘူးဖြစ်သွားတာ တကယ် sorry ပါနော်.."Jimin လေးဟာ သွားလေးဖြီးကာ မျက်လုံးတွေပျောက်လုနီးပါးရယ်ကာ ထိုသို့စကားဆိုလိုက်လေသည်။
" ရပါတယ် Hyung ရယ် နည်းနည်းတောင်လန့်သွားတယ်
ဘာများဖြစ်တာလဲလို့.."Tae Pov: စိတ်ထိန်းစမ်း Kim Taehyung ကလေးငယ်နဲ့ အaဝးဆုံး ရောက်အောင် မင်းကိုယ်တိုင် တွန်းပို့နေတာပဲ နမ်းများ
နမ်းမိရင် ကလေးက ငါ့ကိုရှောင်နေတော့မှာ...ဘာရယ်မဟုတ်ပဲဗြုန်းစားရောက်ချလာတဲ့မိုးစက်တွေဟာ ခုလည်း
သူမဟုတ်သလို မိုးတိတ်သွားလေရဲ့....Jimin ကားအပြင်ဘက်သို့ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ
" တော်ပါသေးရဲ့ Hyung မိုးက တိတ်သွားပြီ..."
"..........."
" Hyung .. Hyung .."
စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ Taehyung မျက်နှာရှေ့ Jimin တစ်ယောက် လက်ပုစိလေးကို ဝှေ့ရမ်းကာ ပါးစပ်ကလည်း တHyung Hyung ခေါ်နေလေသည်
"Sorry ကွာ ကိုယ်အတွေးလွန်နေလို့ "
"ဘာတွေများအတွေးလွန်နေတာလဲ Hyungရယ်...
Hyung ကားကလည်း စက်ပျက်နေတော့ Hyung မန်နေဂျာကို
လာကြိုခိုင်းလိုက်လေ Hyungက အိမ်ထဲဝင်နားပြီးစောင့်နေလေ ""ဟုတ်ပြီ ဟုတ်ပြီ ကိုယ်ph ဆက်လိုက်အုံးမယ်"
Taehyung လည်း သူ့မန်နေဂျာကို phဆက်အကျိုးအကြောင်း
ပြောပြီး Jimin အိမ်ထဲဝင်နားနေစဥ် Jimin ကတော့ Taehyung သောက်ဖို့ဖျော်ရည် ဖျော်ကာ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေလျက်ပင်....

YOU ARE READING
SOULMATE
Fiksi Penggemarသူများတွေက ပြောတယ် ကိုယ်နဲ့ မင်းက သိပ်လိုက်ဖက်တာတဲ့ ဒီစကား ကိူ ကလေး ကြားရင် အရင်လို ဆက်ပြီး ပြုံးနိုင်အုံးမလား ဆိုတာ ကိုယ်သိချင်မိတယ် Kim Taehyung ဟက် ပတ်ဝန်းကျင်ကိုဂရုစိုက်မိခဲ့လို့ နောင်တ စိတ်တွေဝင်မိတယ် ထယ် နောင်ဘဝ ကျရင်တော့ ချစ်တယ်ဆိုတဲ့ စ...