*မငြင်သာတဲ့စကားတိုင်းကကျွန်တော့်အတွက်အမိန့်တစ်ခုပဲပေါ့ ...*
အိမ်တော်ရဲ့နောက်ဖေးကကြည့်ရင်လှမ်းမြင်နိုင်တဲ့ အလုပ်သမားတန်းလျား ..
NamJoonဒီနေ့တစ်နေကုန်တန်းလျားဘက်ကိုပဲကြည့်နေပေမယ့် အရိပ်လေးကိုလုံးဝမမြင်ရအရိပ်လေး ...
ဟုတ်တယ်အရိပ်လေး
မမနဲ့ရုပ်ချင်းသိပ်တူတဲ့မမရဲ့အရိပ်လေး
ဒီတစ်ပတ်လောက်အတွင်းမှာသိလိုက်ရတာကအရိပ်လေးကသူ့အတွက်တစ်ခုတည်းသောကုစားရာဆိုတာပဲမမကိုဆုံးပါးသွားပြီးလို့သတ်မှတ်လိုက်ကြကတည်းကအခုထိဆိုသုံးနှစ်ကျော် လေးနှစ်ထဲကိုရောက်ခဲ့ပြီ
ဒီလေးနှစ်လောက်ကာလအတွင်းသူဘယ်လောက်ခံစားခဲ့ရလဲ သူအသိဆုံး
ဒါပေမယ့်အရိပ်လေးကိုတွေ့လိုက်ရတဲ့အချိန်မှာမမကိုလွမ်းနေတဲ့စိတ်တွေအားလုံးနီးပါးပျောက်သွားသလိုေတာင်ခံစားရသည်အရိပ်လေးကမမမဟုတ်မှန်းသူကောင်းကောင်းသိသည်
ဒါပေမယ့်အရိပ်လေးကိုမမအဖြစ်အစားထိုးထားတာကလည်း မဆိုးဘူးလို့သာယူဆထားတာမို့*သူ့နေရာမှာအစားထိုးမိတာကိုယ်မမှားဘူးအရိပ်လေး အဲ့တာကိုကမင်းရဲ့ကံတရားပဲမို့ *
|THE MASTER |
"seokလေး ဒီနေ့မှိုင်လှချည်လား "
"......"
"မင်းဘာဖြစ်နေတာလဲ ငါ့ကိုပြောလေကွာ"
"ငါ ငါ "
"အင်း "
"ငါ့စိတ်ထဲအရမ်းမွန်းကြပ်နေတယ် Hoseok ငါလေ လောကကြီးကိုမြင်ချင်လိုက်တာကွာ "
အဲ့လိုစကားကို SeokJin မကြာခနပြောပေမယ့်အခုလို မှိုင်တွေပြီးပြောတာပထမဆုံးမို့ Hoseok အတော်ကိုအံ့သြမိသည်
မဟုတ်မှလွဲ -"မင်းရဲ့ noona ကိုလွမ်းနေတာလား "
"အင်း ဟိုနေ့ကသခင်လေးမေးလို့ပြောရင်းနဲ့ noona ကိုတအားလွမ်းလာလို့ "
"......"
"noona ကမွေးရာပါမျက်မမြင်
ဆိုတော့သူလည်းလောကကြီးကိုဘယ်လောက်တောင်မြင်ချင် လိုက်မလဲလို့ငါတွေးမိတယ်
သူကအဖေကိုရောအမေ့ကိုရောမမြင်ဖူးလိုက်ဘူး အခုရောသူအဆင်ပြေပြေရှိနေပါ့မလား
ငါစိတ်ပူတယ်ကွာ "
YOU ARE READING
THE MASTER
Fanfiction*အချစ်ဆိုတာကဆန်းကြယ်တယ်တဲ့လား * အရာရာတိုင်းတော့ကျွန်တော်တို့အလိုကျ မဖြစ်နိုင်ဘူးလေသခင်........