3

321 43 13
                                    

<<Zawgyi>>

Daddy And Son

ကျိုးချန်လည်း စာသင်ရမယ့်အချိန်ရောက်ပြီမို့ အခန်းထဲလာခဲ့သည်

ပထမရက် ကျောင်းသားမရှိပေမယ့်လည်း တစ်ယောက်ရှိရင်တောင် သင်

ရမှာ သူ့တာဝန်မလား

အတန်းထဲဝင်လိုက်တော့ ကျောင်းသား လေးငါးယောက်လောက်ရှိသည်

ကျောင်းသားတွေကို အကဲခတ်မိတော့ နောက်ဆုံးခုံမှာ နံရံကို မှီကာ လက်ပိုက်ပြီး သူ့ကို ကြည့်နေသော လီပေါ်ဝမ်

ကိုယ့်ရဲ့ အကျင့် တိုင်း သူ့ကို မျက်စောင်းထိုးမိသည် ထင် သူက

လူကို ကြည့်ပြီး ရယ်နေသည်

"ကဲ ရှိတဲ့သူတွေ  စာသင်မယ် "

ကိုယ်ကသာ စာသင်နေတာ ကျောင်းးသားတွေက တော့ဆရာကိုရှိတယ်လို့ကိုမထင်

လီပေါ်ဝမ်ကလည်း သူ့ကိုပဲစိုက်ကြည့်နေတာကြောင့်အနေရခက်လာသည်

အဲ့တာကြောင့် သူတို့ရှိတဲ့အတန်းကို စာမသင်ချင်တာ ဒါတောင်

တစ်ယောက်ထဲကျောင်းလာလို့ ရှောင်ကျန့်နဲ့ဟောက်ရွှမ်းသာ ပါလာရင်

အမလေးး အတွေးနဲ့တင် ခေါင်းမူးလာပြီ ကျိုးချန်ဒီကျောင်းကို ပြောင်းလာတဲ့ လွန်ခဲ့တဲ့နှစ်နှစ်ထဲက Third years ကနေမတက်သော

အဆိုးအသွမ်း သုံးယောက် ဆရာအားလုံးရဲ့ချဉ်ဖက် သုံးယောက်လုံးဟာ အသိုင်းဝိုင်းကြီးထဲကဖြစ်တာကြောင့် ဆရာတွေလည်းမနိုင် ဒါကြောင့်

ဆရာတွေထဲမှာအသက်ငယ်ဆုံးဖြစ်တဲ့ကျိုးချန် ဟာသူတို့ရဲ့အတန်းပိုင် ဖြစ်နေမြဲ ငယ်ရွယ်တော့ သူတို့ကို အော်နိုင်ဆုံးမနိုင်တယ်တဲ့လေ ဟူးးး

"အဟမ်းး ဒီနေ့တော့ ဒီလောက်ပဲ "

အချိန်နည်းနည်း သာ စာသင်ပြီးထွက်လာခဲ့လိုက်သည်

'အားရန်ဆီဖုန်းဆက်အုံးမှ'

"ဟယ်လို အားရန်လား

ဦးငယ်မအားလို့ ထမင်းစားချိန်ကျ ကန်တင်းမှာ

တစ်ယောက်ထဲသွားစားလိုက်တော့နော် ဦးငယ် လာမခေါ်တော့ဘူး "

Daddy And Son(Completed)Where stories live. Discover now