Part 2

284 30 5
                                    

Part 2

ကိုကြီးနဲ့ကိုလေး ရိပေါ်ကိုနှုတ်ဆက်ကာ
အလုပ်သွားကျသည်။

"  ဝိညာဥ်ကောင်လေး..ဝိညာဥ်ကောင်လေး "

ရိပေါ်တစ်အိမ်လုံးပတ်ကြည့်ကာ အော်ခေါ်နေမိသည်။

" ကျွန်တော့်ကိုဘာကြောင့်ခေါ်တာလဲ "

သူ့နောက်အလှည့် ရှောင့်ကျန့်မျက်နှာကိုတည့်တည့်ကြီးကြည့်ကာ အော်ချကာ နောက်လှန်လဲကျသွားသည်။

" အား..ဘာလို့ရုတ်တရက်ပေါ်လာတာလဲ "

" အစ်ကိုပဲခေါ်ပြီး "

" ဟုတ်တယ် ငါ့မင်းကိုခေါ်တယ် မနက်စာကျွေးချင်လို့ "

ရှောင်ကျန့်ပြုံးသွားပြီး

" အစ်ကိုကျွေးမယ်ဆို သားနောက်ဆိုခိုးမစားတော့ပါဘူး "

ရိပေါ်ပြုံးပြီး ထရပ်ကာ ထမင်းစားခန်းထဲခေါ်သွားပြီး
မုန့်ကျွေးလိုက်သည်။

" အစ်ကိုဘာကြောင့် ကျွန်တော့်ကိုမြင်ရတာလဲ "

" မင်းမှမဟုတ်ဘူး ငါ့ကသရဲတွေအကုန်မြင်ရတယ် "

" တကယ်လား "

" တကယ်ပေါ့ အဲ့ဒါကြောင့် ဒီစိတ်ငြိမ်တဲ့နေရာမှာ
လာနေတာ  ဒါပေမဲ့မထူးပါဘူး သရဲနဲ့တိုးတာပဲ
ဒါပေမဲ့ ငါတွေ့ဖူးထဲ သရဲတွေအားလုံးထဲမှာတော့ မင်းကချစ်စရာအကောင်းဆုံးပဲ "

ရှောင်ကျန့်ပြုံးလိုက်သည်။

" ဒါနဲ့မင်း အရင်တုန်းကဘာစားလဲ "

" နောက်ဘက်မှာအသီးတွေရှီတယ်လေ အသီးတွေခူးစားတာ ပြီးတော့ သားသေတာကြာပြီ တော်တော်ကြာပြီ
သားက အစ်ကိုထက်အသက်ကြီးတယ် "

ရိပေါ်ဖြူစင်တဲ့သရဲတစ်ကောင်ကို ထူးဆန်းစွာတွေ့ရလို့အားရပါးရရယ်လိုက်သည်။

" အစ်ကို..ဘာရယ်တာလဲ "

" မင်းဆုံးတုန်းက အသက်မှာပဲ မင်းကရပ်နေတာလေ
င့ါကအသက်ပိုကြီးတယ် မင်းထက် "

" တကယ်လား..အဲ့လို့လား "

"  အင်း "

ရိပေါ်သရဲတစ်ကောင်ကို လွယ်လွယ်နဲ့လိမ်နိုင်တာကြောင့်
ရယ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Mar 07, 2021 ⏰

Add this story to your Library to get notified about new parts!

တစ္ဆေချစ်သူWhere stories live. Discover now