<Unicode>
' ကျနော်က လူပျိုစစ်စစ်တော့ မဟုတ်ပါဘူးနော်..´ပွင့်လင်းစွာ ပြောဆိုဝန်ခံတဲ့ ရှောင်းကျန့်စကားကြောင့် တဖက်က လာရောက်စေ့စပ်တဲ့ လူကြီးတွေ အံ့အားသင့်သွားတယ်။ချောမောလွန်းပြီး နိုင်ငံခြားမှာ ဆယ်နှစ်တောင်နေလာခဲ့တဲ့ ရှောင်းကျန့်က သတို့သားလောင်း.. လီရန် ကိုတည့်တည့်ကြည့်ပြီး ပြောလိုက်တာပါ..။
' သြော်..´
လီရန်ရော..သူ့မိဘတွေခမျာ ပြန်ပြောစရာစကားလုံး ဆွံ့အ,သွားပုံပဲ။ရှောင်းကျန့်ကတော့ သူ့ရဲ့ မိဘတွေရှေ့မှာ တည်တည်ငြိမ်ငြိမ်ဘဲ စကားဆိုပါတယ်။ကျနော့်ရဲ့ အတိတ်နဲ့ပတ်သက်ပြီး နောက်နောင်မှာ ပြသနာမဖြစ်ချင်လို့ပါလို့ပြောပြီးမှ...
' ကျနော်..၂ကြိမ်တိတိ ယောက်ျား တယောက်နမ်းတာကို ခံခဲ့ရဖူးတယ်..အဲဒါကို သိထားစေချင်တာပါ..နောက်မှသိရင် စိတ်ပျက်သွားမှာစိုးလို့ ခုကတည်းကနေ ကြိုတင်ဝန်ခံထားချင်တယ်..´
သူ့စကားကြောင့်..ကျန်တဲ့လူတွေ ဘာမှပြန်မပြောနိုင်ကြဘူး။လီရန်ကိုယ်တိုင်လည်း စိတ်ထဲ ဇဝေဇဝါဖြစ်လာရတယ်။သူစေ့စပ်မယ့်သူက မိန်းကလေးတယောက်မဟုတ်တဲ့ အပြင် သူစိမ်းလူတယောက်က ၂ကြိမ်တောင် နမ်းတာခံရသူတဲ့.. ။ပါးမှာပဲဖြစ်ဖြစ် နှုတ်ခမ်းပေါ်ပဲဖြစ်ဖြစ် ပထမဆုံးအနမ်းခြွေတဲ့သူက ကိုယ်မဟုတ်ခဲ့ဘူး။
ယောက်ျားလေးဆိုတာမျိုးက ကိုယ်ကသာ အမှားအယွင်းလုပ်ချင်လုပ်မယ်..။ကိုယ်ယူမယ့်သူကိုကျတော့ ခြောက်ပြစ်ကင်း သဲလည်းစင် ဖြစ်စေချင်တာပဲလေ။ စေ့စပ်ပွဲကနဲနဲအရှိန်တန့်ကာ အီသွားတယ်။အစကလို စိတ်အားထက်သန်မှုမရှိတော့..။CEO ရှောင်းရဲ့ စီးပွားရေးပါတနာဖြစ်တဲ့ လီရန်ရဲ့ မိဘတွေကလည်း အသာအယာပြုံးပြီး..
' ခနလေးနော်..ခနလေး..အန်တီတို့ ပြန်စဥ်းစားလိုက်အုံးမယ်..´
'ရပါတယ် အန်တီ..ကျနော်က ပွင့်လင်းမြင်သာမှုကိုပဲ ဦးစားပေးပါတယ်..ပြန်စဥ်းစားနိုင်ပါတယ်..ကျနော် အန်တီတို့အဖြေကို စောင့်နေပါ့မယ် ´
' ဒါ....ဆိုရင် ခွင့်ပြုပါအုံး..´မမျှော်လင့်ဘဲ စေ့စပ်ပွဲက အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရပါတယ်။တဖက်မိဘနဲ့ လူကြီးတွေပြန်သွားတော့ မာမားက ရှောင်းကျန့်ကို စိတ်ပျက်စွာအပြစ်တင်ပါတယ်။