~Unicode~
ရှောင်းကျန့်တို့မာမားရဲ့ ကော်ဖီဆိုင်လေးက အေးချမ်းတဲ့သူတို့ရဲ့ သူဌေးရပ်ကွက်လေးမှာရှိတယ်။
လက်ရာကောင်းလွန်းတာမို့ လူစည်တတ်တဲ့ ကော်ဖီဆိုင်လေးကို Xiao Cafe လို့ နာမည်ပေးထားပေမယ့် သူကတော့ Mama's Heart( မာမားရဲ့နှလုံးသား)လို့ခေါ်ဖြစ်တယ်။
Xiao group Company တွေက နိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းစု ၁၀ခုထဲမှာ အပါအဝင်ဖြစ်တာမို့ ဒီလိုလုပ်ငန်းသေးသေးလေးကို လုပ်စရာမလိုပေမယ့် မာမားက မစွန့်လွှတ်နိုင်ဘူးလေ။
ဒီတလော အိမ်မှာပဲ ကပ်နေတဲ့ သူ့ကို ခရီးထွက်သွားတဲ့ မာမားက ဆိုင်ဖွင့်ဖို့ တာဝန်ပေးထားတယ်။
ကော်ဖီနဲ့ကိတ်မုန့် ကောင်းကောင်း ဖုတ်တတ်တဲ့သူ့တွက်တော့ အဆင်မပြေစရာအကြောင်းမရှိပါဘူး။
ဆိုင်ဖွင့်ဖွင့်ချင်း တံခါးကို အုန်းခနဲမြည်အောင် ဆောင့်ဖွင့်ကာ ဝင်လာတဲ့ငနဲလေးက
" chocolate cakeတခုနဲ့ Cappuccinoတခွက် "တဲ့။
လေသံက ရှောင်းကျန့်က သူ့လုပ်စာထိုင်စားနေတဲ့အတိုင်းပဲ။ဘာတွေ မကျေမနပ်ဖြစ်နေတာပါလိမ့်။
Hoodie အင်္ကျီခပ်ကြီးကြီးထဲက ဦးထုပ်ကိုဆောင်းထားတာမို့ မျက်နှာကို တဝက်ပဲ မြင်နေရတဲ့ နှာထိပ်လေးက လုံးလုံးလေး။ပြီးတော့ ပါးတွေက ဖောင်းဖောင်းလေး။လက်ထဲက Strawberry နံ့သင်းနေတဲ့ စုတ်လုံးကို ပါးစပ်ထဲထည့်လိုက်ပြီး ပါးတဖက်ကိုကပ်ထားတာမို့ ဖြူဖြူဥဥ ပါးဖောင်းလေးက ပြေးကိုက်ချင်စရာ။
ထောင့်ကျကျစားပွဲကို ဦးတည်သွားလိုက်တဲ့ ကောင်လေး။အော်..လက်တဖက်က skateboard ကိုင်ထားတာ မအားမလပ်။
" မှာထားတာရပြီ ကလေး.."
ဝင်လာကတည်းကနေ သူ့ကို တချက်လေးတောင်မော့မကြည့်တဲ့ကောင်လေးက ခုမှ ရန်လိုတဲ့ပုံစံမျိုးနဲ့ မော့ကြည့်လာတယ်မို့ ရှောင်းကျန့်ပြုံးပြကာ ထွက်လာခဲ့တယ်။
💕💕
ရှောင်းကျန့် သတိထားမိသလောက် ဒီကောင်လေးက မနက်ဆို ဆိုင်ဖွင့်တာနဲ့ ရောက်လာတတ်တယ်။နေ့တိုင်းပဲ..ပြီးတော့ အမြဲတမ်း chocolate cakeနဲ့ cappuccinoမှာတယ်။ပြီးရင် ကိတ်ကိုဖဲ့ပြီး တမြုံ့မြုံ့နဲ့ အရသာခံနေတတ်တဲ့ ကောင်လေး။