Dear My Painter

1K 64 0
                                    

၁)
CEO Park Jimin။ Park Construction Group ရဲ့ တစ်ဦးတည်းသောသားတစ်ယောက်၊ အပေါင်းအသင်းများပြီး ရည်းစားလည်း များတယ်။ ဂုဏ်ပြုပါတီညမှာ တွဲခုတ်နေတဲ့ နာမည်ကြီးမော်ဒယ် Jassi တဲ့ တွဲကနေတဲ့ Jimin။

"Jimin ssi"
ထိကပ်ဖို့ ကြိုးစားလိုက်တဲ့ နှုတ်ခမ်းတွေဟာ လေမှာ ရပ်တန့်သွား။

"အား...
"ခေါင်းကိုက်တယ်။ မရတော့ဘူး။ မရတော့ဘူး"

"Jimin Ah"
သူငယ်ချင်းဖြစ်တဲ့ ထယ်ယောင်းရဲ့ ကောင်းမှုနဲ့ သူ အိမ်ထဲကို ရောက်လာခဲ့တာကလွဲ ဘယ်လို ကျန်ခဲ့လဲ မသိဘူး။

"TaeHyung Ah"
"Jassi အဆင်ပြေရဲ့လား"

"မင်းမှ နေမကောင်းတာ၊ ငါရှင်းပြလိုက်ပါမယ်"
"နားဦးနော်"

အိပ်ရာထဲမှာလှဲနေပေမယ့် အတွေးတွေက ဝေ့ဝါး။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်​က သူ အက်ဆီးဒင့် ဖြစ်ခဲ့တာတော့ သေချာတယ်။ သူ သတိမေ့နေခဲ့တာပဲ မဟုတ်ဘူးလား။ တစ်ယောက်ယောက်နဲ့ ထိတွေ့ဖို့ ကြိုးစားတိုင်း နှုတ်ခမ်းပါးပါးလှပ်လှပ်လေးဟာ နှောင့်ယှက်လွန်းတယ်။ အဲ့ထက်ပိုပြီးလည်း ဘာကိုမှ မမှတ်မိဘူး။ သူ အက်ဆီးဒင့် မဖြစ်ခင်ကလည်း ကောင်မလေးတွေ အများကြီး တွဲဖူးတာပဲလေ။ ဘယ်လိုဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးမဆို သူ ရင်မခုန်မိတာ ခက်တယ်။

ငါ ဘာဖြစ်နေတာလဲ။

ဘာ ဖြစ်ခဲ့တာလဲ။

---------------------------------------------------------------------
၂)
ကိုယ် ကလေးငယ်ကို မေ့ပြီပြောရင် ညာတာပဲ။
အရင်ကဆို ဒီအိမ်လေးဟာ မြို့ပြရှောင် နေရာတစ်ခုသက်သက်ပဲ။
ကလေးငယ် ရောက်လာပြီးနောက်မှာ ဒီနေရာက ကိုယ့်အိမ်အစစ်ဖြစ်ခဲ့တယ်။ ကလေးငယ် ထွက်သွားပြီးနောက်မှာ ဒီအိမ်လေးက မစွန့်နိုင်တဲ့ အရာရာ ဖြစ်ခဲ့တယ်။

"ပြန်လာပါ အိပ်မက်လေးရယ်"
"ကိုယ် မနူးညံ့၊ မနွေးထွေးတတ်သည့်တိုင် ကလေးငယ်ကို လွမ်းတယ်"

အရင်လို ကင်းဘတ်တွေ၊ Easel၊ art supplies တွေနဲ့ တောင်ကုန်းလေးဆီ သွားမိနေတုန်းပဲ။ ကူသယ်ပေးမယ့် ကလေးငယ် မရှိတော့ဘူး။ တိတ်ဆိတ် ငြိမ်သက်မှုကို မွေးရာပါ နှစ်သက်တဲ့ကိုယ်ဟာ ပန်းချီဆွဲနေရင်တောင် ကလေးငယ်ရဲ့ ရယ်သံတွေ လိုအပ်နေခဲ့တာ။

Dear My Painter (uni & zawgyi) //COMPLETED //Where stories live. Discover now