Flashback Extra Episode

482 49 8
                                    

၁)

ခပ်လှမ်းလှမ်းမှာ ရှိတဲ့ တောင်ကုန်းမို့မို့။ ဒီနေရာရာကိုရောက်ဖို့ အမြင့်ပေတော်တော်များများနဲ့ တောလမ်းကို ဖြတ်ခဲ့ရသေးတာ။ Easel၊ ကင်းဘတ်နဲ့ art supplies တွေ သယ်ပြီး တက်ဖို့ဆိုတာ မလွယ်ပေမယ့် သူ့အတွက် အကျင့်ဖြစ်နေပြီ ပြောရမယ်။ တိတ်ဆိတ်ငြိမ်သက်မှုနဲ့ ရှုမျှော်ခင်းပဲ ရှိတဲ့နေရာဟာ တစ်ခုတည်းသော Paradise ပဲပေါ့။ Easel ပေါ် ကင်းဘတ်တင်ပြီး ဆေးစက်တွေ ချလိုက်တော့ အရာအားလုံးကို ခဏမေ့သွားသလို။

"အင်း...ဟင်း...ဟင်းးးးးးးးးး"

လူတစ်ယောက်ရဲ့ ညည်းသံက နားထဲမှာ ပိုပီပြင်လာသလိုပဲ။ ကြောက်စိတ် မဖြစ်မိပေမယ့် ပတ်ဝန်းကျင်ကို စူးစမ်းမိတော့...။

ခြစ်ရာ၊ ပွန်းရာတွေနဲ့ လဲကျနေတဲ့ ကလေးလေး တစ်ယောက်။ ဒီနားဘက်ရွာက ကျောင်းသားလေးများလား။ ချော်လဲပြီး ကျန်နေရစ်တာလား။ နေက တော်တော်စောင်းနေပြီ။ လူတစ်ယောက်လုံး ပစ်ထားခဲ့ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးကွာ။

"Shit"
ပါလာတဲ့ ပစ္စည်းတွေ အကုန်အမြန်သိမ်းလိုက်တယ်။ ဒါတွေ ဒီအတိုင်းထားခဲ့လို့ ဘာမှ မဖြစ်တန်ပါဘူး။ လူက သေးသေးလေးသာဖြစ်တာ လေးလိုက်တာ။ လူကိုပိုးပြီး တောင်အောက်ဆင်းရတာ မလွယ်ဘူးပဲ။ နေအတော်စောင်းပြီမို့ ရွာထဲအကြောင်းကြားဖို့ မမီတော့ဘူး။ အရေးကြီးတာ ဒီကောင်လေး ဒီည အဖျားကျဖို့ပဲ။

ရောင်နေတဲ့ ခြေကျင်းဝတ်ကို ရေအေးကပ်၊ ဆေးစည်းရတာ။ ပွန်းရာ၊ ခြစ်ရာ ဒဏ်ရာတွေကို ပိုးသတ်ဆေးထည့်ပေးရတယ်။ ရေပတ်တိုက်ပြီး အင်ကျီပါလဲသေးတဲ့ထိ ကောင်လေးဟာ သတိရမလာသေး။ ဆံပင်ရှည် အလယ်ခွဲလေးနဲ့ ပါးဖောင်းဖောင်းလေးဟာ နှစ်လိုဖွယ်တော့ ကောင်းသားပဲ။ လူငယ်ဆိုတဲ့ ပျိုမျစ်မှုတွေကပဲ အပြစ်ကင်းနေတာလား။ လူတွေကို ရှောင်ရင်းနဲ့ပဲ လူတွေနဲ့ လာတိုးနေသေးတယ်။

--------------------------------------------------------------
၂)

"အင်း...ဟင်း"

"မင်း သတိရပြီလား"

"ကျနော် ဘယ်ကို ရောက်နေတာလဲ"

"မင်းကို တောင်ပေါ်ကနေ ခေါ်လာခဲ့တာ။
သတိမေ့နေလို့"
"မင်းအိမ် ပြန်နိုင်လား"

Dear My Painter (uni & zawgyi) //COMPLETED //Where stories live. Discover now