"ညီ ရော့ "
"ဗျာ "အနောက်ကနေ ရုတ်တရက် ကမ်းပေးလာသော ရေဘူးလေး
"ညီ့အတွက်လေ ရေဆာနေမယ်ထင်လို့"
ချွေးတွေတစ်ပေါက်ပေါက်ကျနေသော ကောင်ငယ်လေး ဆီမှ ကျေးဇူးတင်သံလေးက ထွက်လာ၏"ဟီး ဟုတ်ကဲ့ ကျေးဇူးပါဗျ "
"ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူသူတွေကိုသတ်ဖို့မဟုတ်ဘူး .... "
" We Want Democracy "
အရှေ့ကနေ ဦးဆောင်ဆိုနေသော ကောင်ငယ်လေး ကို ကျွန်တော့်ကြည့်ပြီးတွေးဖြစ်သည်က သူ၏ ကောင်းကြောင်းပင်
နွေဦးတော်လှန်ရေးစတဲ့နေ့တည်းကပင် အရှေ့ကနေဦးဆောင်ပြီးတိုက်ပွဲဝင်နေသည်ဗျ လူကောင်လေးသေးသလောက် အတော်ရဲရင့်တဲ့သူပေ ကျွန်တော်က သူ့ထက် ခေါင်းတစ်လုံးလောက်အရပ်ပိုမြင့်ပေမဲ့ အနောက်မှာပဲ ကျွန်တော်နေခဲ့တယ်
အခုတော့ ထိုကောင်လေးကိုအတုယူပြီးအရှေ့တန်းက တိုက်ပွဲဝင်ဖို့ကျွန်တော်ဆုံးဖြတ်ထားသည်"ရဲတွေလိုက်ဖမ်းနေပြီ ပြေးကြ"
ဟူသော အသံလာရာဘက်ကို ကျွန်တော်ကြည့်မိတော့ ထိုကောင်ငယ်လေးပင်
ရဲတွေလာနေတာကို သူမပြေးဘဲ တစ်ခြားသူတွေကိုသာ သတိပေးနေသည် ကြည့်ရတာ သူက နောက်ဆုံးမှပြေးမည့်ပုံ ဒီလိုအဖြစ်ခံလို့တော့မရပေ"ညီ လာ "
"ဟမ်ရုတ်တရက်လက်ကို ကိုင်ဆွဲကာ ညီလာ ဟူသော စကားတစ်ခွန်းနဲ့ ဆွဲခေါ်လာသည့် ရေဘူးလာပေးတဲ့အကို
ကျွန်တော်လည်း သူခေါ်ရာကိုပင် ပါသွား၏ ပြေးရင်းနဲ့မောနေခဲ့သည်မှာ ဘယ်တုန်းကပင် လုံခြုံလှတဲ့ အိမ်ခြံဝန်းလေးတစ်ခုထဲရောက်လို့ရောက်သွားမှန်းမသိပေ"ခြံဝန်းကို တစ်ဝှေ့တစ်ဝှိုက်ကြည့်မိတော့ အသက်ကြီးကြီး လင်မယားနှစ်ယောက်ကိုတွေ့သဖြင့် အလျှင်အမြန်ပင်နှုတ်ဆက်လိုက်သည်
"မဂ်လာပါဗျ " နှစ်ယောက်လုံး၏ ပြိုင်တူထွက်ပေါ်လာသော အသံနောက်မှာ အန်တီကြီး၏ ရီသံထွက်ပေါ်လာသည်
ထို့နောက်မှသာမေး၏
" ရဲတွေလိုက်ဖမ်းနေလို့လားသားလေးတို့ ""ဟုတ်ပါတယ် အဒေါ် စိတ်မရှိဘူးဆိုခဏလောက်နေလို့ရမလားဗျ "