Part - 1-☁-
" ဟိတ် junjunie..."
ကျောင်းဆီသို့ကိုယ့်ဘာသာလျှောက်နေသည့်လမ်းမှာ အနောက်ကအသံတစ်ခုကြောင့် Renjun နောက်လှည့်ကြည့်လိုက်မိသည်။
အနောက်မှာ မျက်နှာအဖြဲသားနှင့်သူ့ဆီပြေးလာနေပါသော Na Jaemin။
Renjun မျက်လုံးတွေလယ်လိုက်ကာ ဂရုမစိုက်ဘဲရှေ့ဆက်လျှောက်ရန်ပြင်သည်။ သို့ပေမယ့် Na Jaemin ၏လက်ရှည်ရှည်တွေကသူ့ပခုံးကိုဆွဲကာသိမ်းကြုံးဖက်ပစ်လိုက်သည်မို့ Renjun တစ်ကိုယ်လုံး Jaeminဆီရောက်သွားသည်။" ဖယ်စမ်းကွာ "
Renjun ၏လက်ကလေးတွေက အနှီခေါင်းမာလှသော Na Jaemin ကိုတွန်းဖယ်ရန်အတွက်တော့အချည်းနှီးပါပေ။
Jaeminကဒီနှစ်မှ Renjun တို့ကျောင်းကိုပြောင်းလာသောကျောင်းသားဖြစ်သည်။ စစရောက်လာလာချင်းပင် Renjun အနောက်ကိုဘဲပေါက်လေးလိုတကောက်ကောက်လိုက်ရှုပ်ခဲ့သည့် Jaemin။
လူကောင်သေးသလောက်စိတ်ကြီးသည့် Renjun က Na Jaeminအတွက်တော့ဖြုံစရာကောင်းပုံမပေါ်။ဖြစ်နိုင်တာက Renjun ကိုယ်တိုင်ကိုကမတွန်းထုတ်ချင်ခဲ့တာမျိုးလည်းဖြစ်နိုင်သည်။ အထူးသဖြင့်အခုလိုမျိုး
" Injunnieeee~~~~ "
ဆိုပြီးကြောင်ပေါက်လေးလိုမျိုး သူ့ခေါင်းကို Renjun ပခုံးဆီအတင်းတိုးဝှေ့လာသည့်အခါမျိုးမှာ Renjun ကရယ်ရုံအပြင်ဘာမှမတုံ့ပြန်ဖြစ်ပါ။
" Renjunie....ငါဒီနေ့ ပြဇာတ်လေ့ကျင့်တဲ့နေရာမှာပါရမယ် "
Renjun မျက်မှောင်ကြုံ့ကာ Jaeminကိုစောင်းကြည့်လိုက်သည်။ သူက...? ပြဇာတ်မှာ။
" ငါကမင်းသားလေးလုပ်ရမှာ...."
သူတို့ဖြည်းဖြည်းချင်းလမ်းလျှောက်နေရင်း Jaeminကဆက်ပြောသည်။
" အဲ့ဇာတ်လမ်းမှာမင်းသားလေးက မင်းသမီးလေးကိုပြန်လာဖို့ကတိပေးခဲ့တယ်..."
Renjun သူ့ဘေးက Jaeminကိုငေးကြည့်မိသည်။ Jaemin ကတော့ သူ့ကိုလည်းကြည့်မနေသလိုလမ်းမပေါ်ကိုလည်းအကြည့်ရောက်မနေပါပေ။ ပြာလဲ့လဲ့ကောင်းကင်ကိုသာတမေ့တမောငေးနေရင်း။
YOU ARE READING
"𝐂𝐨𝐨𝐥 𝐖𝐢𝐧𝐝 , 𝐒𝐨𝐥𝐟 𝐁𝐫𝐞𝐞𝐳𝐞"(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)
Fanfiction"လေညှင်း နဲ့ အတူ ချစ်ခြင်းတွေကို ဖော်ပြခွင့်ရခဲ့သလို ၊ လေပြင်း တစ်ချက်အဝေ့မှာ ပျောက်ကွယ်သွားမယ့် မင်း ကို ငါလွမ်းတက်ခဲ့ပြီ။...." "လညှေငျး နဲ့ အတူ ခစြျခွငျးတှကေို ဖောျပွခှင့ျရခဲ့သလို ၊ လပွေငျး တဈခကြျအဝေ့မှာ ပြောကျကှယျသှားမယ့ျ မငျး ကို ငါလှမျးတကျခဲ့...