Part 2
နောက်ရက်တွေမှာ Renjun ထီးယူလာဖြစ်သည်။ သို့ပေမယ့်မိုးကမရွာတော့။
ထူးခြားသည်က အရင်ကတစ်ခါမှကျောင်းမပျက်ဖူးသည့် Jaemin ကတစ်ပတ်လုံးလုံးကျောင်းမလာခြင်းပင် ဆရာမကိုကြည့်တော့လည်းဘာမှထွေထွေထူးထူးသိပုံမရ။
အနည်းဆုံးကျောင်းပြေးတာတော့မဟုတ်ဘူးပေါ့။
Renjun အိတ်ကပ်ထဲက Jaemin ပေးထားသည့်ပြဇာတ်ကြည့်ရန်ဖြတ်ပိုင်းလေးကိုထုတ်ကြည့်လိုက်သည်။သူကိုယ်တိုင်တောင်မသိလိုက်ပဲပြုံးမိသွားရင်းက
ဒီတစ်ခါပြဇာတ်မှာတော့ သူအိပ်မပျော်သွားဖို့သေချာအောင်လုပ်မှာဖြစ်သည်။ထိုညနေအိမ်အပြန် မိုးရွာသည်။ ထီးမပါသည့်ကျောင်းသားတွေဟိုဒီပြေးလို့။ ခပ်မှိန်မှိန်ကောင်းကင်အောက်မှာ Renjunထီးတစ်ချောင်းနှင့်။
" Gege ကျွန်တော်ပြန်ပြီ "
ဟုနှုတ်ဆက်သွားသော Chenleက Jisungနှင့်အတူထီးတစ်ချောင်းအောက်။
Renjun မိုးရေထဲမှာစိတ်လေးလေးလံလံကြီးဖြစ်ကာ တစ်အောင့်လောက်ရပ်နေမိသည်။ ဘာကြောင့်လဲဆိုတာတောင်သူကိုယ်တိုင်မသိတော့ပါပဲ။ရုတ်တရတ်..။
သစ်ပင်အကွယ်နောက်မှာ လူရိပ်တစ်ခုမြင်လိုက်ရသလိုမျိုး။
Jaemin ?Renjun ထိုသစ်ပင်ဆီရောက်အောင်အမြန်ပြေးသွားမိသည်။ မိုးရေတောထဲမို့လမ်းမပေါ်ကသူနင်းသွားသမျှရေစက်တွေကသူ့ခြေထောက်ကိုစင်ကုန်သည်။
ထိုသစ်ပင်နားကိုသွားတော့မည်သူမျှရှိမနေပါပေ။ သူအထင်မှားတာလား။ မိုးရေထဲမို့သူ့အမြင်အာရုံတွေမသဲမကွဲဖြစ်ကုန်တာများလား။ Renjun ထီးကိုလမ်းမပေါ်လွှတ်ချလိုက်သည်။ တသဲသဲမိုးရေစက်တွေက သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံကာစိုရွှဲသွားစေသည်။ တစ်ခဏချင်းကို Renjun မိုးရေတွေနှင့်တသားထဲဖြစ်သွားသည်။
သူ အထီးကျန်လိုက်တာ။
တစ်စုံတစ်ခုကို လိုအပ်နေသလိုမျိုးခံစားချက်ကြီးက Renjun နှင့်ရင်းနှီးမနေ။ သူကအမြဲတစ်ယောက်တည်းလဲနေတတ်ခဲ့တာပဲကိုလေ။ပါးပြင်ပေါ်စီးကျလာသည့်ပူနွေးနွေးအရည်တွေသည် မိုးရေတွေပဲဖြစ်ပါစေဟုသူခေါင်းမာစွာမျှော်လင့်မိသည်။
YOU ARE READING
"𝐂𝐨𝐨𝐥 𝐖𝐢𝐧𝐝 , 𝐒𝐨𝐥𝐟 𝐁𝐫𝐞𝐞𝐳𝐞"(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)
Fanfiction"လေညှင်း နဲ့ အတူ ချစ်ခြင်းတွေကို ဖော်ပြခွင့်ရခဲ့သလို ၊ လေပြင်း တစ်ချက်အဝေ့မှာ ပျောက်ကွယ်သွားမယ့် မင်း ကို ငါလွမ်းတက်ခဲ့ပြီ။...." "လညှေငျး နဲ့ အတူ ခစြျခွငျးတှကေို ဖောျပွခှင့ျရခဲ့သလို ၊ လပွေငျး တဈခကြျအဝေ့မှာ ပြောကျကှယျသှားမယ့ျ မငျး ကို ငါလှမျးတကျခဲ့...