အပိုင်း💚4❤

4.4K 214 8
                                    

Zawgyi
ကျွန်​​တော်​ချစ်​ရ​သော
👱❤👦ကိုကို

အပိုင်း 💚4❤

ရှောင်​မားလဲဝမ်​မား​ပြောတာနား​ထောင်​ရင်းနဲ့​ရေချိုးခန်းဘက်​ကဒုန်းကနဲအသံကျယ်​ကြီးကြားလိုက်​လို့ ဖုန်းကိုင်​ရင်းတန်းလန်းနဲ့​ရေချိုးခန်းထဲ​ပြေးဝင်​ကြည့်​လိုက်​​တော့မြင်​လိုက်​ရတဲ့မြင်​ကွင်းကမကြည့်​ရက်​စရာ သူမသား​လေး​ကျန့်​ကျန့်​က​ရေချိုးကန်​​ဘောင်​ကိုမှီမျက်​ရည်​​တွေစီးကျကာ​မေ့လဲ​နေ​လေသည်​။

ရှောင်​မားလဲဝမ်​မားကိုအကျိုးအ​ကြောင်း​ပြောပြီးအမြန်​ဖုန်းချကာလဲကျ​နေတဲ့သူမသားကို​ပွေ့ချီပြီးကုတင်​​ပေါ်ခဏတင်​ထားလိုက်​သည်​။

"ဝယ်..​သူငယ်​ချင်း​ရေ လုပ်​ပါအုန်းခုဏကကျွန်​မသား​လေးကအိမ်​မက်​ထဲမှာဝမ်​ဝမ်​​လေးကသူ့ကိုလာနုတ်​ဆက်​လို့တဲ့ အခုကျွန်​မတို့​ပြောသမျှကိုကြားပြီး​ရှော့ ရသွားတယ်​ထင်​တ
ယ်​...အခု​အ​ရေး​ပေါ်ကိုဆက်​လိုက်​အုန်းမယ်​​...ဒါပဲ​နော်​ သူငယ်​ချင်း...."

ရှောင်​မားလဲအိမ်​မှာသူ့တစ်​​ယောက်​ထဲမို့ထူပူကာဘာလုပ်​ရမှန်းမသိတာနဲ့ အ​ရေး​ပေါ်ဖုန်းနံပါတ်​ကိုဆက်​ပြီးအကူအညီ​တောင်းလိုက်​​လေသည်​။

"ဝယ်​ .....လမ်းအိမ်​နံပါတ်​....ကိုအခုချက်​ချင်းလာ​ပေးပါ...လူနာတစ်​​ယောက်​ရေချိုးခန်းထဲမှာမူးလဲ​နေလို့ပါ ​ကျေးဇူးပြုပြီး အမြန်​လာ​ပေးကြပါရှင်​....ဟင့်​..ကျွန်​မသား​လေးကိုအမြန်​ကယ်​​ပေးကြပါ...."

ရှောင်​မားလဲ​ထူပူ​နေပြီးစိတ်​ထဲရှိသမျှ​ပြော​နေ​တော့သည်​။ခဏ​နေ​တော့ ​အ​ရေး​ပေါ်ကားကသူမတို့တိုက်ခန်း​ရှေ့လာရပ်​သံကြားရပြီးသူမဖုန်းကိုခုနကသူမဆက်​ခဲ့အ​ရေး​ပေါ်နံပါတ်​ကပြန်​​ခေါ်လာ​လေသည်​။

"ဝယ်​ ​ရောက်​ပြီလားရှင့်​​ကျေးဇူးပြုပြီးတိုက်​​ပေါ်တက်​လာ​ပေးကြပါ အိမ်​မှာကျွန်​မတို့သားအမိပဲရှိလို့ အ​ပေါ်တက်​လာ​ပေးကြပါရှင့်​ ကူညီ​ပေးပါဆရာတို့ရယ်​..."

"ဟုတ်​ကဲ့ခင်​ဗျ ဒါဆိုကျွန်​​တော်​တို့အ​ပေါ်ထပ်​တက်​ပြီးလူနာကိုလာ​ခေါ်​ပေးပါ့မယ်​ခင်​ဗျ...."

"ကျွန်​​တော်​ချစ်​ရ​သော👱❤👦ကိုကို"(Completed)Where stories live. Discover now