DEAR "KIM"

4.3K 275 21
                                    


" heyy..jisoo ဟိုဟာ
နင့်အတွင်းရေးမှူးမဟုတ်လား..သွားထိန်း
လိုက်အုံး..မဟုတ်ရင် ဘယ်သူ့လက်စာ
မိလို့ မိမှန်း မသိဖြစ်မယ် "

ဘေးနားက သူငယ်ချင်း လည်း ဖြစ် ၊
စီးပွားဖက် တွေလည်း ဖြစ်သည့်
Seulgi က jisoo ၏ ပုခုံးအား
တစ်ချက် တို့ရင်း ပြောလာသည် ၊
ထိုအခါမှ သူလည်း အနောက်လှည့်ကြည့်
မိရာ ထောင့်တစ်နေရာမှာ မူးပြီး
ခွေခွေလေး ဖြစ်နေသည့် အတွင်းရေးမှူး
ကို တွေ့လိုက်ရသည် ။

ဒါကြောင့် လက်ထဲမှ ဝိုင်ခွက်ကို
ချကာ ထိုအနားကို အလျင်အမြန်ပင်
သွားလိုက်သည် ။

" hey...အတွင်းရေးမှူးကင်...
ဟာ..Kim Jennie ဘာလို့ ဒီလောက်
သောက်ပြီး မူးရူးနေရတာလဲ "

ပြောသာပြောရသည် မူးပြီး မျောနေတယ့်
လူက ကြားမှာမဟုတ် ၊ ဒီနေရာအမူးသမား
ကို ဆက်ထားလို့ မဖြစ်တော့တာကြောင့်
မနည်းတွဲခေါ်ပြီး partyထဲက ထွက်လာရသည် ။

သူတို့ တစ်နေရာကနေကြည့်နေသည့်
Seulgi တို့အုပ်စုကလည်း ပြုံးရင်း..

" ငါတို့ရဲ့..jisoo ဒီညတော့
သူ့ရဲ့ အတွင်းရေးမှူးနဲ့ တစ်ခုခု ုဖစ်
လာမယ် ထင်တယ် "

Seulgi ပြောတော့ lisaကလည်း
ပုခုံးတစ်တချက် ပုတ်ရင်း

" သေချာတာပေါ့..သူ့ရဲ့အတွင်းရေးမှူး
ကြည့်ရတာ ဆေးမိထားသလိုပဲ ၊ လူ
တွေလည်း အံ့ဩပါ့နော်..ဒီလိုပွဲမျိုးမှာ
တောင် ဆေးခတ်ရဲတယ် "

" ဒီလိုပွဲမျိုးမို့ ဆေးခတ်ရဲတာလေ..
ထားလိုက်ပါ...မနက်ဖြန်ကျမှပဲ
အကုန်လုံး သိရမှာပေါ့.."

" Hkkk..အဲ့ဆေးခတ်ထားတယ့်
လူက နင်တို့ မဟုတ်ဖို့ပဲ
ဆုတောင်းတယ်..Jisooအတွက်
စီစဥ်ပေးချင်တာနဲ့ ဆေးခတ်တာမျိုးတော့
မလုပ်လိုက်ပါဘူးနော် "

Chaeyoung ရဲ့ စကားကြောင့်
ဘေးနားက seulgi နဲ့ lisaတို့
တစ်ယောက် မျက်နှာတစ်ယောက်
ကြည့်ရင်း ပြုံးလိုက်သည် ၊ ဘေးနားက
Chaeyoung ကတော့ သဘောပေါက်ပြီး ထိုနှစ်ယောက်ကို ကြည့်ရင်း ခေါင်းတစ်ခါခါနှင့်သာ ။

" နင်ဘာလို့ ဒီလောက် မူးအောင်
သောက်လာတာလဲ Kim Jennie..
ကြည့်ထားမနက်ဖြန်ကျရင် နင့်ကိုလစာ
လျော့မယ် ၊ ဘယ်နှယ့် သူဌေးက
အတွင်းရေးမှူးကို ကျောပိုးလာတယ်
တယ့် "

𝗗𝗲𝗮𝗿  "𝗞𝗶𝗺"Where stories live. Discover now