So Far Away(Unicode)

777 60 11
                                    

ဆိတ်ငြိမ်လှတဲ့ လူချမ်းသာရပ်ကွက်ကြီးမှာ ထီးထီးကြီးရှိနေတဲ့ အိမ်ကြီးတစ်လုံး ။ ထိုအိမ်ကြီးကအင်မတန်ကိုမှ ကျယ်ဝန်းတဲ့အပြင် သစ်ပင်ပန်းမန်တွေနဲ့ အလှဆင်ထားတာကြောင့် ထိုအိမ်ကြီး ကိုမြင်လိုက်ရတဲ့လူတိုင်းက နူးညံ့လှတဲ့နွေးထွေးမှုကိုခံစားရစေတယ် ။

သို့သော် ထိုအိမ်ကြီး ကဘယ်လောက်ပဲလှပနေပါစေ .... ထိုအိမ်ကြီးရဲ့အတွင်းမှာတော့အရာအားလုံးက ပြန်လည်တည်ဆောက်လို့မရလောက်အောင် ပျက်စီးယိုယွင်းနေတဲ့ အိမ်ထောင်ရေးကြီးတစ်ခုသာ ရှိနေလေတယ် ။

_________________

သာယာပြီးအေးချမ်းနေတဲ့ ညလေးတစ်ညမှာ Kim Taehyung တစ်ယောက် ထိုအိမ်ကြီးရဲ့ ထမင်းစားစာပွဲမှာအထီးကျန်စွာထိုင်နေလေတယ် ။ တစ်ယောက်တည်းထိုင်နေရင်း တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ နာရီလက်တံက 11:30 ရှိနေပြီ။ ထို့ကြောင့် Taehyung လဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး စားပွဲပေါ်မှာရှိနေတဲ့ အေးစက်စက်အစားအသောက်တွေအကုန်လုံးကိုယူကာ အမှိုက်ပုံးထဲသွန်လိုက်ပြီး လေးလံတဲ့‌ခြေလှမ်းတွေနဲ့ အပေါ်ထပ်ကိုတက်သွားခဲ့လေတယ် ။ ဒီညလဲ ထိုသူကအိမ်ပြန်မလာခဲ့ပါဘူး ။

လွန်ခဲ့တဲ့‌ခြောက်နှစ်ကတည်းက ချစ်ခဲ့ရတဲ့ထိုသူ Jeon Jungkook....... ။ လမ်းဘေးကတီးဝိုင်းလေးတစ်ခုမှာ ဖျော်‌ဖြေနေတဲ့ တက္ကသိုလ်ကျောင်းသားလေး........ ထိုကောင်လေးရဲ့.... တည်ငြိမ်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အသံလေးက Kim Taehyung ဆိုတဲ့လူသားလေးရဲ့ နှလုံးသားကို တသိမ့်သိမ့်တုန်အောင်ကို ကိုင်လှုပ်နိုင်ခဲ့တယ် ။ ထိုနေ့ကစပြီး Kim Taehyung ဆိုတဲ့သူက ညနေ company မှာ အလုပ်ပြီးချိန်တိုင်း ထိုလမ်းလေးကိုသွားပြီး ထိုသူရဲ့ သီချင်းဆိုသံလေးကိုအမြဲနားထောင်ခဲ့တယ် ။ အချိန်တစ်ခုရှိလာတဲ့အခါမှာတော့ သူ့ကိုယ်သူသိလာခဲ့တယ် ။ အဲ့တာက သူ ထိုကောင်လေးကိုချစ်နေမိပြီဆိုတာပဲ။ ငယ်ငယ်ကတည်းက လိုချင်တာအမြဲရခဲ့တဲ့သူက ထိုကောင်လေးကိုလဲ ပိုင်ဆိုင်လိုစိတ်ရှိလာတဲ့အခါမှာတော့ ကောင်လေးကို ပိုင်ဆိုင်နိုင်ဖို့အတွက်ဘာမဆိုလုပ်ရန်ဆုံးဖြတ်ခဲ့လေတယ် ။

So Far Away >Oneshot<Where stories live. Discover now