Ep_6##

2.9K 186 8
                                    

မောင်~~

Ep-6##  Cover by Yee Mon

ဘာလို့များလျို့ဝှက်သဲဖိုဆန်ဆန်တွေလုပ်ခဲ့တာပါလိမ့် !မတွေးတတ်တော့ဘူး မောင်ရယ်………

အခုကော ဘာအကြောင်းရယ်ကြောင့် luကို မကျေနပ်သလို ခမ်စိမ်းစိမ်းဆက်ဆံနေရတာလဲကွယ်!!

မောင်နှင့်အတူ ရင်ခုန်ဖွယ်သော မင်္ဂလာအခမ်းအနားကိုယှဉ်တွဲကျင်းပခွင့်ရတဲ့နေ့မှာ lu မပျော်နိုင် မပျော်ရဲ

ဖြစ်နေရတယ် lu မောင့်ကိုချစ်မိခဲ့ကတည်း အတူတူနေရမည့် ဘဝလေးတစ်ခုကို မှန်းဆတမ်းတပြီး ရင်ခုန်ပျော်ရွှင်

ခဲ့ရဖူးသည်…………ခုတော့……………………ခုတော့များတော့ကွယ်……………lu စိတ်ကူးအိမ်မက်တွေထဲက

မောင်နဲ့ အပြင်က Oh Sehun တို့က မိုးနဲ့မြေကွာခြားလွန်းတယ်ကွယ်!!lu ကို ကားနဲ့ခေါ်လာခဲ့တဲ့ နေ့ကတည်း

မောင်ထူးခြားစွာစိမ်းကားသွားခဲ့တာ မရက်စက်ပါနဲ့မောင်ရယ် မောင့်စိမ်းကားမှုတွေကို lu ခံနိုင်ရည်စွမ်းမရှိလို့ပါ

lu ခုတင်ဘေးပေါ်တွင် ကန့်လန်လှဲချမိသည်~~မျက်ဝန်းများကို မှိတ်စက်ထားပေမဲ့ မည်သို့မျ အိပ်မပျော်နိုင်

ဝမ်းနည်းအထီးကျန်မှုက ရင်ဘတ်တစ်ခုလုံးပြည့်နှက်နေလေသည် မျက်ဝန်များကိုမှိတ်ထားသည့်တိုင် မျက်ရည်

စက်များက မျက်ဝန်းထောင့်မှတစ်ဆင့်  စိမ့်ကျလာလေသည်~~~ သည်လိုအခြေအနေက မိန်းခလေးတစ်ယောက်

အတွက် အလှပဆုံးအချိန်လို့ဘယ်လိုများသတ်မှတ်ရမှာလဲ ကျယ်ဝန်းလှသော အခန်းထဲတွင် ရှိုက်သံသဲ့သဲ့မှလွဲ၍

အပ်ကျသံပင်ကြားရလောက်တဲ့အထိ တိတ်ဆိတ်မှုကမင်းမူကြီးစိုးနေလေသည် တသိမ့်သိမ့်ရှိုက်နေမိသည့်တိုင်

မျက်ရည်စက်များကို အနမ်းများဖြင့် ခြောက်သွေ့စေမည့်သူမရှိ နှစ်သိမ့်ဖေးမမည့်သူလည်းမရှိ လောကကြီး

တစ်ခုလုံးမှာ ကိုယ်တစ်ယေက်တည်းဟူသော အားငယ်စိတ်ကဝင်ရောက်လာသည် မောင့်မျက်နှာတစ်ရွာထင်

မောင်~Where stories live. Discover now