OUR LOVE STORY

1.3K 117 31
                                    

[Unicode]

ခင်ဗျားတို့ကို ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးအ​ကြောင်း ပြောပြမယ်

နားထောင်မယ်မလား~

ကျွန်တော်တို့ရဲ့အချစ်ဇာတ်လမ်းလေးမှာ
ဆန်းကြယ်မှုတွေ၊ ကြည်နူးမှုတွေ၊ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရမှုတွေလည်း ပါဝင်တာပေါ့ဗျာ

ကဲ...သိချင်နေပြီးလား

ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးက
ဒီလိုဗျ ~

*****************************

"Arr! Oppa!! ချောလိုက်တာ နတ်သားလေးလိုပဲ "

"Tae!!! အမယ်လေး ငါသေတော့မှာပဲ"

"ကယ်ကြပါဉီး ငါ Oppa Taeကြောင့် အသက်ရူရပ်တော့မယ်"

Stadium တစ်ခုလုံးတွင် ကောင်မလေးတွေသာမက ကောင်လေးတွေပါ ပြဲပြဲစင်အောင် အော်ဟစ်လို့နေသည်။ အကြောင်းကတော့ Kim Taehyungဆိုတဲ့ သူတို့ IDOLကို တွေ့လိုက်ရလို့ပေါ့။ မတွေ့ရခင်ကလည်း အိမ်မှစထွက်တဲ့အချိန်ကနေ Stadiumထဲမရောက်ခင်အထိ တစ်လမ်းလုံး စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်လာခဲ့ကြသည်လေ။

Fanတိုင်းအလိုလိုပင် သူတို့ IDOLပံုကို တစ်နေရာရာမှာ မတွေ့မိလိုက်နဲ့ တွေ့မိတာနဲ့ကို "အား!!!" ဆို​ပြီးအော်ဟစ်ခုန်​ ပေါက်ကာ မမြင်ဖူးကြသလို အဲ့ပုံနားမှာ မျက်တောင်မခတ်စိုက်ကြည့်ပြီး ပြုံးဖြီးနေတတ်သေးတာ၊
ဓာတ်ပုံရိုက်မှာကတော့ သေချာပေါက်ပင်။

ဒါက Fanတွေရဲ့ချစ်ဖို့ကောင်းတဲ့အချက်တွေထဲက တစ်ခုပေါ့ ~

အခုလည်း Stadium တစ်ခုလုံး ညံဆူလို့နေသည်။

"Kim Taehyung! Kim Taehyung! Kim Taehyung!"ဆိုပြီး Fanတွေက ပြိုင်တူအော်နေကြသည်။

"Hello ကျွန်တော်ကတော့ Kim Taehyungဖြစ်ပါတယ်"

ထိုသို့ပြောလိုက်တော့ သူ့ရဲ့ ချစ်စရာကောင်းသော Fanတွေကလည်း...

OUR LOVE STORY [ ONE SHORT ]Where stories live. Discover now