Part 1

287 8 0
                                    

Unicode

"တောက်...။"

ဖုန်းမျက်နှာပြင်ပေါ်ဖျပ်ခနဲကျလာတဲ့မျက်ရည်တစ်စက်။ နီရဲနေတဲ့မျက်ဝန်းအိမ်ကတဆင့် ပါးပြင်တလျှောက်ဖြတ်သန်းလာတဲ့ ဒီမျက်ရည်တွေက အသက် ၂၃နှစ်အရွယ်ကောင်လေးတစ်ယောက်ဆီကဖြစ်တည်လာတယ်။

ဖုန်းမျက်နှာပြင်ထက်မှာ အထက်အောက်ရွေ့လျားနေတဲ့ဖြူဖျော့ဖျော့လက်တစ်သွယ်ဟာ အနည်းငယ်နီရဲနေခဲ့တယ်။ရုတ်တရက်မြင်လိုက်ရတဲ့ပုံတစ်ပုံကြောင့်သူ့နှုတ်ခမ်းတွေဟာသိသိသာသာပဲ ကွေးတက်သွားတယ်။

ဖုန်း screen ထက်ကပုံတစ်ခု။ ဟင့်အင်း...သေချာပြောရရင်စုံတွဲလို့ပြောခွင့်မရှိတဲ့စုံတွဲပုံတစ်ခု။ အရပ်ရှည်ရှည်ကောင်လေးနှစ်ဦးက ကပ်လျက်သားတည်ရှိနေကြတယ်။ ခါးသွယ်သွယ်နဲ့ကောင်လေးက ခပ်ကျယ်ကျယ်ရင်အုပ်တွေရှိတဲ့ကောင်လေးထက်အနည်းငယ်အရပ်ပိုမြင့်တယ်။အရပ်ပိုမြင့်တဲ့ကောင်လေးရဲ့နှုတ်ခမ်းအောက်ကထင်ထင်ရှားရှားမှည့်နက်လေးဆီကို လက်ဖြူဖြူလေးက လှမ်းသွားတယ်။

"ခင်ဗျားကသိပ်လှတယ်ရှောင်းကျန့်..။"

ခပ်အပ်အပ်ထွက်လာတဲ့စကားလုံးအချို့။ခြောက်ကပ်နေတဲ့နှုတ်ခမ်းတွေကအနည်းငယ်တော့ တုန်ရီနေတယ်။

"ခင်ဗျားဒီပုံလေးကိုသာဖျက်လိုက်ရင် ကျွန်တော်ရူးမလားဘဲ...။"

ရွှေအိုရောင်ဆံနွယ်တွေကြား လက်ချောင်းတွေနဲ့ခပ်ကြမ်းကြမ်းထိုးဖွရင်းပြောလာသူကဝမ်ရိပေါ်..။

အင်း...။ဒီ၂၃နှစ်အရွယ်ကောင်လေးက အချစ်ဆိုတဲ့အရာကို ၂၁နှစ်အရွယ်မှာစတင်ခံစားခဲ့တယ်။ မြင်မြင်ချင်းအချစ်ဆိုတာကို ထိုလူနဲ့မှ ရူးခါနေအောင် ယုံမိတာမျိုးပေါ့။

မထင်ထားခဲ့ဘူးမလား။ အသက်၂၁နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အချစ်တွေက ၂၇နှစ်အရွယ်ကောင်လေးတယောက်ဆီမှာမြစ်ဖျားခံလိမ့်မယ်လို့။

Zawgyi

"ေတာက္...။"

ဖုန္းမ်က္ႏွာျပင္ေပၚဖ်ပ္ခနဲက်လာတဲ့မ်က္ရည္တစ္စက္။ နီရဲေနတဲ့မ်က္ဝန္းအိမ္ကတဆင့္ ပါးျပင္တေလွ်ာက္ျဖတ္သန္းလာတဲ့ ဒီမ်က္ရည္ေတြက အသက္ ၂၃ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ဆီကျဖစ္တည္လာတယ္။

ဖုန္းမ်က္ႏွာျပင္ထက္မွာ အထက္ေအာက္ေ႐ြ႕လ်ားေနတဲ့ျဖဴေဖ်ာ့ေဖ်ာ့လက္တစ္သြယ္ဟာ အနည္းငယ္နီရဲေနခဲ့တယ္။႐ုတ္တရက္ျမင္လိုက္ရတဲ့ပုံတစ္ပုံေၾကာင့္သူ႕ႏႈတ္ခမ္းေတြဟာသိသိသာသာပဲ ေကြးတက္သြားတယ္။

ဖုန္း screen ထက္ကပုံတစ္ခု။ ဟင့္အင္း...ေသခ်ာေျပာရရင္စုံတြဲလို႔ေျပာခြင့္မရွိတဲ့စုံတြဲပုံတစ္ခု။ အရပ္ရွည္ရွည္ေကာင္ေလးႏွစ္ဦးက ကပ္လ်က္သားတည္ရွိေနၾကတယ္။ ခါးသြယ္သြယ္နဲ႕ေကာင္ေလးက ခပ္က်ယ္က်ယ္ရင္အုပ္ေတြရွိတဲ့ေကာင္ေလးထက္အနည္းငယ္အရပ္ပိုျမင့္တယ္။အရပ္ပိုျမင့္တဲ့ေကာင္ေလးရဲ႕ႏႈတ္ခမ္းေအာက္ကထင္ထင္ရွားရွားမွည့္နက္ေလးဆီကို လက္ျဖဴျဖဴေလးက လွမ္းသြားတယ္။

"ခင္ဗ်ားကသိပ္လွတယ္ေရွာင္းက်န့္..။"

ခပ္အပ္အပ္ထြက္လာတဲ့စကားလုံးအခ်ိဳ႕။ေျခာက္ကပ္ေနတဲ့ႏႈတ္ခမ္းေတြကအနည္းငယ္ေတာ့ တုန္ရီေနတယ္။

"ခင္ဗ်ားဒီပုံေလးကိုသာဖ်က္လိုက္ရင္ ကြၽန္ေတာ္႐ူးမလားဘဲ...။"

ေ႐ႊအိုေရာင္ဆံႏြယ္ေတြၾကား လက္ေခ်ာင္းေတြနဲ႕ခပ္ၾကမ္းၾကမ္းထိုးဖြရင္းေျပာလာသူကဝမ္ရိေပၚ..။

အင္း...။ဒီ၂၃ႏွစ္အ႐ြယ္ေကာင္ေလးက အခ်စ္ဆိုတဲ့အရာကို ၂၁ႏွစ္အ႐ြယ္မွာစတင္ခံစားခဲ့တယ္။ ျမင္ျမင္ခ်င္းအခ်စ္ဆိုတာကို ထိုလူနဲ႕မွ ႐ူးခါေနေအာင္ ယုံမိတာမ်ိဳးေပါ့။

မထင္ထားခဲ့ဘူးမလား။ အသက္၂၁ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ရဲ႕အခ်စ္ေတြက ၂၇ႏွစ္အ႐ြယ္ေကာင္ေလးတေယာက္ဆီမွာျမစ္ဖ်ားခံလိမ့္မယ္လို႔။




















You Leave MeWhere stories live. Discover now