Part 2

125 9 0
                                    

Unicode

"ဟင်း...."

နှုတ်ခမ်းဖျားက ခပ်သော့သော့ထွက်သွားတဲ့ အငွေ့တွေကြား ခင်ဗျားကိုလွမ်းတဲ့စိတ်တွေပါသွားရင်ကောင်းမယ်ခင်ဗျားရယ်။

ထုံးစံတိုင်းဝမ်ရိပေါ်ဟာ အခန်းထောင့်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတာဖြစ်ပြီး စီးကရက်တလိပ်ကို လက်ကြားညှပ်ထားသေးတယ်။
ခေါင်းတချက်ခါလိုက်တိုင်းမှာ ရွှေအိုရောင်ဆံနွယ်တွေကဖွာခနဲပါပဲ။

ဝမ်သခင်ကြီးက သားဖြစ်သူရဲ့အခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။ မှောင်မည်းနေတဲ့အခန်းထဲကထွက်လာတာဆိုလို့ ဆေးလိပ်နံ့တွေပဲရှိတယ်။အခန်းထဲကိုတလှမ်းချင်းလှမ်းဝင်လာတဲ့ ဝမ်သခင်ကြီးနဲ့မျက်လုံးတွေဟာ ကြေကွဲမှုတွေနဲ့ပြည့်နှက်နေတယ်။

"ဘယ်အချိန်ထိ ဒီလိုတွေလုပ်နေအုံးမှာလဲသားငယ် "

ဖခင်ဖြစ်သူရဲ့အမေးကို ဝမ်ရိပေါ်က နှုတ်ခမ်းတွန့်ရုံပြုံးကာတုန့်ပြန်တယ်။

"ရှောင်းရှောင်းက ကျောင်းသွားတက်တာလေ သားငယ်ရယ်။"

ဝမ်သခင်ကြီးက လေသံပျော့ပျော့နဲ့ချော့ပြောလေတယ်။

ဝမ်ရိပေါ်ကတော့ ဟက်ခနဲတချက်ရယ်ပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ဝမ်သခင်ကြီးကိုစေ့စေ့ကြည့်ရင်း

"ကျစ် ပါပါးရာ ကျောင်းသွားတက်တဲ့သူက ကျွန်တော့်ကိုအဆက်အသွယ်ဖြတ်စရာလိုလို့လားလို့ "

ဝမ်ရိပေါ်ကပြောလဲပြော လက်ထဲကစီးကရက်ကိုလဲ အခန်းထောင့်သို့ပစ်လိုက်တယ်။

ထိုအပြုအမူကိုမြင်တဲ့အခါဝမ်သခင်ကြီးက သက်ပြင်းတချက်အသာချတယ်။ပြီးတော့

" ရှောင်းရှောင်းမှာလဲ အကြောင်းရှိမှာပါသားငယ်ရယ် သားငယ်ကဒီလိုတွေပျက်စီးနေရင် ရှောင်းရှောင်းကသားဆီပြန်မလာတော့ဘဲနေမှာပေါ့ ပါပါးပြောတာနားလည်လားသားငယ် "

ဝမ်ရိပေါ်ကမျက်ရည်အဝိုင်းသားနဲ့မော့ကြည့်လာတယ်။
တဆတ်ဆတ်တုန်နေတဲ့နှုတ်ခမ်းတွေကိုဖွင့်ဟရင်း လေသံတိုးတိုးနဲ့ဆိုတယ်။

You Leave MeWhere stories live. Discover now