မီးရောင်အောက် ဆေးလိပ်ခဲနေတဲ့
နှုတ်ခမ်းတွေကသိပ်လှတယ်
ထိုးထိုးထောင်ထောင်ဆံတိုလေးတွေကအစပေါ့~~~
တစ်ကိုယ်လုံးမဲနက်နေတဲ့ကြောင်ပိန်လေးက
ကြည့်လိုက်တာနဲ့တစ်စုံတစ်ယောက်ရဲ့
စွန့်ပစ်ခြင်း ခံခဲ့ရမှန်းသိသာတယ်။အမွှေးနုနုတွေကိုပွတ်သပ်ပေးနေတဲ့
လက်ချောင်းလေးတွေ လက်ဖဝါးတွေက
နွေးထွေးနေလို့များလား။
ကြောင်ကလေးက ပွတ်သပ်နေမှုအောက်ကနေ
အစာကို စိတ်ချလက်ချ
တကြွတ်ကြွတ်ကြိတ်ဝါးနေတယ်"ကြောင်ပိန်လေးက
ဒီလိုဆိုတော့လဲ လိမ္မာသယောင်ပဲ"ဘေးနားကနေကပ်ထိုင်လို့
ပြောနေတဲ့သူ့စကားကို
အလေးမထားယောင်ပဲဆေးလိပ်ကိုလက်နှစ်ချောင်းကြားညှပ်လို့
အငွေ့တွေကို ခပ်ဖြေးဖြေးမှုတ်ထုတ်နေသည်။ဘာရယ်မဟုတ် လက်ချောင်းကြားထဲက
ဆေးလိပ်ရဲ့ တလူလူထွက်နေတဲ့
အငွေ့တွေကို စိတ်၀င်တစားကြည့်နေမိသည်ထိုလူကထိုင်နေရာက ထရပ်မှ
သူပါအလိုတူ အလိုပါရောယောင်ကာရပ်မိသည်။သူ့ကိုတစ်ချက်မှတောင်လှည့်မကြည့်သွားပဲ
ရှေ့က ခြေလှမ်းကျဲကျဲကို ခပ်အေးအေးလှမ်းနေတဲ့
သူ့နောက်ကို မှန်မှန်လေး လိုက်မိတယ်တဖွဲဖွဲကျနေတဲ့နှင်းအောက်က
လှုပ်ခတ်နေတဲ့ကျောပြင်ကိုငေးရင်း
သဘောတွေကျမိနေပြီ။____
ဟန်ကောနဲ့ ပေါင်မုန့်ဆိုင်ရောက်နေတဲ့ရိပေါ်ဟာ
မုန့်ရဲ့ မွှေးပျံ့မှုကြောင့်
တမြုံ့မြုံ့ တပြုံးပြုံးပါပဲ။"လက်စွပ်ကို ရိပေါ်သဘောကျပဲရွေးခဲ့လေ"
တလှုပ်လှုပ်ဝါးနေတဲ့ပါးနှစ်ဖက်နဲ့
ခေါင်းကို တလှုပ်လှုပ်ညိတ်ပြသည်။"ကိုယ်က မသွားမဖြစ်တာမို့"
ရိပေါ်ကခပ်ပြုံးပြုံးပါပဲ။
မျက်လုံးတွေကို အသာလွှဲရင်း
ဟိုနေ့က ကျောပြင်ကိုတဖန်ပြန်လို့ငေးမိပြန်တယ်။လက်တစ်ဖက်က အိတ်တစ်ထုတ်ဆွဲလာလို့
သိပ်မဝေးတဲ့အမှိုက်ပုံးထဲပစ်ထည့်ကာ
လက်ဖဝါးတွေကို ခါချနေသည်။
