အမှောင်ထုတွေကြီးစိုးနေတဲ့တောအုပ်တစ်ခွင် ကျီးငှက်တို့ရဲ့မိုးပြိုမတတ်တညံ့ညံ့နဲ့ ခြောက်ခြားဖွယ်အော်သံများ
အလင်းရောင်ဆို၍လရိပ်မျှသာရှိသောထိုနေရာတွင် လူမည်သည်တစ်ယောက်မျှရှိမည်မဟုတ်
သို့ပေမယ့်ခြောက်ခြားဖွယ်အော်သံများ...
ဤသည်မှာ သွေးရိုးသားရိုးလုံးဝမဖြစ်နိုင်ပေရှေ့ဆက်လျှောက်ရမည့်လမ်းမှာမှုန်ဝါးလွန်း၍ ဓာတ်မီးအလင်းရောင်ကိုအားကိုးတကြီးထိုးလိုက်ရာမြင်လိုက်ရသည့်ထိန့်လန့်ဖွယ်အရိပ်တစ်ခု...
သစ်ပင်နားကကုပ်ကုပ်လေးထိုင်နေတဲ့လူတစ်ယောက်ပဲ
သူ့အနားကိုဖြည်းဖြည်းချင်းကပ်သွားမိတော့ သူအရာတစ်ခုခုကို မြိန်ရေယှက်ရေ စားသောက်နေတာကိုသတိထားမိတယ်
" တဆိတ်လောက်ဗျ "
ကိုယ့်ဘက်ကအသံကြားတော့သူ့ရဲ့လှုပ်ရှားမှုတွေကချက်ချင်းငြိမ်သက်သွားတော့တယ်
" ဒီနားကမြို့လေးတစ်မြို့ကိုသွားချင်လို့ လမ်းလေးပြောပြပေးနိုင်မလား "
ကိုယ့်ဘက်ကအားကိုးတကြီးမေးနေပေမယ့် သူ့ဘက်ကတုံ့ပြန်မှုမရှိတာကြောင့် သူ့ရဲ့အနောက်ကျောကိုထိမယ့်အချိန်
" ဒီမှာဗျ "
ရုတ်တရက်လှည့်လာတဲ့သူ့ပုံကြောင့် လုံးဝထိန့်လန့်သွားမိကာအနောက်ပင်ထိုင်ရက်ပြုတ်ကျသွားခဲ့တယ်
ဗုန်း 💥
ဓာတ်မီးကဘေးကိုပြုတ်ကျသွားပေမယ့်လရိပ်ကြောင့်ထင်ထင်ရှားရှားမြင်နေရတဲ့မျက်စိရှေ့ကလူရဲ့ ပုံရိပ်ကြောင့်သွေးပျက်သွားမိတာအမှန်ပင်
"ခင်များ...လူ..လူ မဟုတ်ဘူးလား "
ဂါါ်ါ် 💢
" အာါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်း "
.
.
.ဝုန်း 💢
အိမ်မက်ထဲကလန့်နိုးလာတဲ့ ကောင်မလေးတစ်ယောက်
" ဟောဟဲ ဟောဟဲ ဟင်ါ်ါ်ါ် (အသက်ရှူသံ)
ငါအိမ်မက်မက်နေတာပဲ "
