Episode 1

118 7 0
                                    

Y/n Pov
          " တီ....တီ...တီ...."(alarm အသံ)
          "ဟဲ့အငယ်မ...နင်မထသေးဖူးလား....alarm သံတောင်မြည်နေပြီ...ထတော့လေ.....ကျောင်းသွားကမယ်လေ"
          "ထမယ်အမေ‌‌ေရ....ငါးမိနစ်လောက်...."
          "ငါးမိနစ်မလုပ်နဲ့ခုထ..alarmလဲပိတ်လိုက်အုန်း....
တကယ်ပဲမနက်မနက်သူ့ပဲနိုးနေတာနဲ့တင်အသက်ထွက်တော့မယ်...."

အမေလဲပွစိပွစိပြောရင်းမီးဖိုချောင်ထဲမှာထမင်းချိုင့်ပြင်နေလေတယ်။မနက်ငါးနာရီခွဲပြီမို့မြည်နေတဲ့ alarm အသံကိုပိတ်ပြီးကမင်းလဲအိပ်ယာကနေမထချင်ပဲထလိုက်ရတော့တယ်။မထရင်လဲအမေ့ရဲ့‌တ‌ံမြက်စည်းစာ‌မိတော့မယ်
လေ..😆😆။အိပ်ရာကနေထပြီမျက်နှာသစ်‌ရေချိုး‌
နေတာ၁၀မိနစ်ပဲရှိသေးတယ်အမေ့ရဲ့အော်သံကိုထပ်ကြားလိုက်ရတာပေါ့...
         "ဟဲ့...ရေချိုးတာလဲအမြန်ချိုးလေ...တော်ကြာ
အအေးပတ်ပြီးမသာပေါ်နေအုန်းမယ်...အမြန်လုပ်..."

မင်းလဲအမြန်ချိုးပြီးထွက်လာတာပေါ့...ကျောင်းဖွင့်တဲ့နေကစပြီးအမြဲတန်းဒီစကားတွေပဲကြားနေရတဲ့မင်းအတွက်ကတော့‌ရိုးနေပြီပေါ့.....မှန်တင်ခုံရှေ့ဆံပင်ဖီးမို့မှန်ကြည့်လိုက်တော့ဆံပင်ကဂုတ်ဝွဲဆိုတော့စည်းစရာမလိုဖူး...ဘီးနဲ့ဟိုဖီးဒီဖီးလုပ်လိုက်ရင်ရပြီ..လွယ်တာပေါ့‌၊ပြီးတော့အချိန်ကုန်
သက်သာတယ်လေ...နောက်မုန့်စားနေတုန်းပဲရှိသေးတယ်..အမေ့ရဲ့အော်သံကိုပြန်ကြားရပါလေရော...

           "ဟဲ့...နင့်ကျောင်းကားအောက်ရောက်နေပြီ..အမြန်
လုပ်...ထလဲနောက်ကျ..ဟိုဟာလုပ်လဲနောက်ကျ၊ဒီဟာလုပ်လဲနောက်ကျနဲ့...ငါနော်...ထရိုက်လိုက်ချင်တယ်...အမြန်လုပ်..."
           "ပြီးပြီးအမေရေ...ပြီးပြီး"

မင်းလဲလွယ်အိပ်လွယ်ပြီးအမြန်လှေကားပေါ်ဆင်းသွားတာပေါ့...မဟုတ်ရင်အမေ့ရဲ့တော်ကီတွေဆက်ကြားရမှာလေ
ကျောင်းကားပေါ်လဲရောက်ရော...ထင်တဲ့အတိုင်းပဲမင်းကအရင်ဆုံးရောက်နေတာလေ..အဲ့တာနဲ့မင်းထိုင်နေကြနေရာဖြစ်တဲ့ထောင့်ဆုံးခုံမှာထိုင်ပြီးနားကြပ်တပ်ပြီးအတွေးပင်လယ်ဝေနေတာပေါ့......

မင်းက‌သာမာန်ကျောင်းသူလေတစ်ယောက်လေ...မင်းရဲ့အကိုကကျောင်းပြီးပြီး universityတတ်နေပြီ။မင်းအကိုနဲ့မင်းနဲ့ကသုံးနှစ်ပဲကွာတယ်။မင်းရဲ့မိဘတွေကတော့
သာမာန်စီပွားရေးသမားတွေပေါ့။မင်းကအရမ်းကိုဖော်ရွေ
တတ်ပြီးနားလည်ပေး‌တတ်တော့မင်းမှာခင်ရတဲ့သူတွေအများကြီးရှိတာပေါ့...ဒါပေမဲ့ခင်ရတဲ့သူ‌ေတွအများကြီးရှိ‌ေပမဲ့ မင်းမှာအချစ်ရဆုဲးသူငယ်ချင်းတစ်ယောက်ရှိတယ်။သူ့နာမည်ကYuna။သူနဲ့မင်းနဲ့ခင်တာနှစ်နှစ်လောက်ပဲရှိပေမဲ့
အရမ်းကိုခင်တဲ့သူငယ်ချင်းတွေဖြစ်နေပြီပေါ့....အခုလဲ‌ကျောင်းကနှစ်ရက်ပိတ်ပြီးပြန်ဖွင့်တော့မင်းမှာသူ့ကိုပြောစရာတွေများနေပြီပေါ့....

My High School CrushWhere stories live. Discover now