Episode 2

42 7 0
                                    

  Y/n Pov
           “Aww... Jungkookတဲ့လား..”
           “ဘာ...ဘာ...jungkookဟုတ်လား...နောက်တစ်ယောက်ကရော...??”Mina ကစိတ်လှုပ်ရှားစွာနဲ့ဝင်မေးလိုက်တယ်။
           “ဟမ်း...နင်တို့ကလဲနော်....ဒီလိုကြတော့လဲနားတွေ
ကတယ်ပါးကြပါလား....”မင်းလည်းMina ကိုစပြီးပြော
လိုက်တာပေါ့။မင်းစကားကြောင့်သူငယ်ချင်းသုံးယောက်လုံး
ရယ်ကြတာပေါ့။
             “ဟာ....နင်ကလဲ...အဲ့လိုပြောပါနဲ့...”Mina ကသနားစရာအသံနဲ့ပြောတယ်။
             “ပြောပါဆိုနောက်တစ်ယောက်က....”Rose က၀င်မေးလိုက်တယ်။
            “နောက်တစ်ယောက်က..Jimin..”
            “အိုင်စ်..နာမည်ကချစ်ဖို့ကောင်းလိုက်တာ..လူ‌လေးအတိုင်းပဲ...”Minaကပြောတယ်။
             “စပြီ..စပြီ...ဘူးတဲ့ဇာတ်လမ်းတွေ.....နင်တို့
ကြောင့်ငါတို့ကျောင်းမှာ ကျောင်းသားသစ်တွေလာတာ
နည်းတာ...”Yuna ကပုံဆွဲနေရင်းလှမ်းပြောတယ်။
             “စတာပါဟာ...နင်တို့ကလဲ..ငါ့ဆိုပြောမယ်ဆိုတာ
ကြီးပဲ..ငါ့မှာ ကောင်လေးရှိပါတယ်ဟာ...သူတို့ကိုမကြောင်
ပါဖူးဟ...”Mina ကပြုံးစိစိနဲ့ပြောတယ်။
              “အေး...ငါတို့ကလဲနင်ကောင်လေးရှိလို့ကိုပိုပြီး
ပြောနေကတာ...နင်ကနောက်မီးတွေလင်းလွန်းလို့ပြတ်သွားတဲ့ကောင်တွေအများကြီးပဲ...”Yuna ကပြောတယ်။
               “အေးပါဟာ...ဒီတစ်ခေါက်တော့ငါမလင်းတော့
ပါဖူး...ပြီးတော့ငါလဲ Jin ကိုတစ်ကယ်ချစ်တာပါဟ”
Mina ကရှက်ရှက်နဲ့ပြောတယ်။
                “အာ့ဆိုလဲပြီးတာပဲ....”Yuna လဲအဲ့လိုပြော
ပြီးပုံဆက်ဆွဲတယ်။ခဏနေလဲရောက်ရော Math ဆရာမ၀င်လာတယ်။အဲ့တာနဲ့မင်းတို့လဲစကားဆက်မများတော့ပဲဆရာမစာသင်တာကိုပဲအာရုံစိုက်ပြီးစာနားထောင်လိုက်ကြတယ်။

Time skip----
                  “ကလင်....ကလင်....”
                 “ဟာကျောင်းတောင်ဆင်းပြီပဲ....မင်းလဲစာအုပ်တွေသိမ်းရင်းပြောလိုက်တယ်။
                   ‌“အေးဆို....လာသွားရအောင်”Yuna ကလွယ်အိပ်လွယ်ရင်းပြောတယ်။

မင်းတို့နှစ်ယောက်ကျောင်းအပြင်ထိအတူတူထွက်ကြတယ်..ပြီးတော့Yuna ကကျောင်းကားဆီသွားတယ်..သူကပြန်ရတာဝေးတော့ကျောင်းကားစီးတာပေါ့...မင်းကတော့အိမ်နီး‌ေတာ့အပြန်ကြတော့လမ်းလျောက်ပြီးပြန်တယ်။မနက်ပိုင်းကြတော့ နေသိပ်မထွကိသေးလို့အိမ်ကစိတ်ပူတော့
ကျောင်းကားစီးကတယ်.....
                “ဟေ့.....ငါဒီမှာ....”Mae ကလှမ်းခေါ်တယ်။သူကလဲမင်းနဲ့အခန်းတူတူပဲ...ပြီးတော့လမ်းလဲတူတော့အိမ်အတူတူပြန်ဖြစ်တာပေါ့...သူကမင်းကိုစောင့်နေကျနေရာမှာရပ်ပြီးလှမ်းခေါ်‌လိုက်တယ်.....
               “‌စောင့်နေတာကြာသွားလား...ငါလဲYuna နဲ့လမ်းမခွဲခင်ထိလေပေါနေမိလို့....”မင်းလဲသူ့လက်ကိုတွဲပြီးလမ်းလျှောက်ရင်းပြောတယ်။
               “ရပါတယ်...နင်ကအမြဲတမ်းပဲ....နောက်ကျ
တာကို.....”Mae ကရယ်ပြီးပြောတယ်။

My High School CrushDonde viven las historias. Descúbrelo ahora