စာမူအလှူရှင်-Yoon Thinzar Aung
This fiction may contain heavy intensive feeling.
So if you don't want to be mental breakdown(depress), you should not read this during revolution period.__________________________
ရှိုက်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေ
နောက်စီးကျလာတဲ့မျက်ရည်ကြည်တွေ
နောက်တော့ခင်ဗျားကိုချစ်တဲ့အချစ်တွေ...
ဒါတွေအားလုံးက ပြန်ရုတ်သိမ်းလို့ရတဲ့အရာတွေမဟုတ်ဘူးလေ ခင်ဗျားရဲ့။
.
.
.
.
.
.
.
.
.
.
.
.
.ခါးသက်သော ရွှေအိုရောင်အရည်တွေကို လည်ပင်းတစ်လျှောက်စီးမြောစေလိုက်ပြီးနောက် လူကပူထူသွားသလို မျက်စိရှေ့မှာမြင်ရတဲ့ တည်ငြိမ်သောအရာဝတ္တုတွေဟာလဲ သူ့အမြင်အာရုံထဲ စတင်ကခုန်လာကြသလို။ နှစ်ကိုယ်သုံးကိုယ်တွေခွဲလို့
ပျော်မြူးနေကြတဲ့လူတွေဟာလည်း ပုံစံအမျိုးမျိုးသို့ပြောင်းလဲစပြုနေပြီဖြစ်တယ်။တစ်ချို့ကအစကပိန်တယ်...ဒါပေမယ့်နောက်တော့ ကွေးကောက်ကုန်ကြတယ်။
တစ်ချို့ကတော့ စလာတည်းကဝတာပဲ၊ ဒါပေမယ့် သူကြည့်နေရင်းမှာပဲ အရိုးခြောက်လေးတွေဖြစ်သွားကြပြန်ရော။သူများတွေကတော့ပြောကြတယ်။ ဒါဟာ ဒီအရည်တွေရဲ့အကျိုးကျေးဇူးပဲတဲ့။
ဒါပေမယ့်သူ့အတွက်တော့ အဲ့လိုမဟုတ်ခဲ့ဘူး။ သူတွေးခဲ့တာ ဒီလို မူမမှန်မှုမျိုးတွေဖြစ်ပေါ်လာဖို့ ဖြစ်နိုင်ချေက၂ချက်ရှိတယ်ဆိုပြီး။ ပထမအချက်က
ခါးသက်တဲ့ ဒီအရည်တွေကြောင့်၊ ဒုတိယအချက်ကတော့ ဒီအရည်တွေကိုသောက်ဖို့ ခွင့်ပြုလိုက်တဲ့သူကိုယ်တိုင်ကြောင့်...။ဒီရူးကြောင်ကြောင်အတွေးတွေကို တွေးသာတွေးခဲ့တာပါ။ ဒီဖြစ်နိုင်ချေနှစ်ချက်ထဲက ဘယ်အချက်က အမှန်လဲဆိုတာကို ကိုယ်တိုင်တောင်မတွေးတောနိုင်ခဲ့ဘူး။
ဒါပေမယ့် မတွေးနိုင်ခဲ့တာကလဲ အချိန်ကန့်သတ်ချက်တစ်ခုအတွင်းမှာပဲရှိခဲ့ပါရဲ့။
ယခုတော့သူနားလည်ခဲ့ပြီမဟုတ်လား။အဖြေကမရှိဘူး။
'သူ့ကိုချစ်မိခဲ့တာကမှားတယ်'နဲ့ 'သူကကိုယ့်ကိုချစ်မိခဲ့တာကမှားတယ်' မှာ ဘယ်ဟာကမှန်တဲ့အဖြေဆိုတာမှန်း မသိသလိုပဲ...။
YOU ARE READING
Impossible(Completed)
Fanfictionစာမူအလှူရှင်-Yoon Thinzar Aung CRPH funding project.