{U}

2.2K 82 15
                                    

စာမူအလှူရှင်-Yoon Thinzar Aung

This fiction may contain heavy intensive feeling.
So if you don't want to be mental breakdown(depress), you should not read this during revolution period.

__________________________

ရှိုက်ထုတ်လိုက်တဲ့​ဆေးလိပ်​ငွေ့​တွေ
​နောက်စီးကျလာတဲ့မျက်ရည်ကြည်​တွေ
​နောက်​တော့ခင်ဗျားကိုချစ်တဲ့အချစ်​တွေ...
ဒါ​တွေအားလုံးက ပြန်ရုတ်သိမ်းလို့ရတဲ့အရာ​တွေမဟုတ်ဘူး​လေ ခင်ဗျားရဲ့။
.
.
.
.
.
.
.
.
.
.
.
.
.

​ခါးသက်​​​သော ရွှေအို​ရောင်အရည်​တွေကို လည်ပင်းတစ်​လျှောက်စီး​မြော​စေလိုက်ပြီး​နောက် လူကပူထူသွားသလို မျက်စိ​ရှေ့မှာမြင်ရတဲ့ တည်ငြိမ်​သောအရာဝတ္တု​တွေဟာလဲ သူ့အမြင်အာရုံထဲ စတင်ကခုန်လာကြသလို။ နှစ်ကိုယ်သုံးကိုယ်​တွေခွဲလို့
​ပျော်မြူး​နေကြတဲ့လူ​တွေဟာလည်း ပုံစံအမျိုးမျိုးသို့​ပြောင်းလဲစပြု​နေပြီဖြစ်တယ်။

တစ်ချို့ကအစကပိန်တယ်...ဒါ​ပေမယ့်​နောက်​တော့ ​ကွေး​ကောက်ကုန်ကြတယ်။
တစ်ချို့က​တော့ စလာတည်းကဝတာပဲ၊ ဒါ​ပေမယ့် သူကြည့်​နေရင်းမှာပဲ အရိုး​ခြောက်​လေး​တွေဖြစ်သွားကြပြန်​ရော။

သူများ​တွေက​တော့​ပြောကြတယ်။ ဒါဟာ ဒီအရည်​တွေရဲ့အကျိုး​ကျေးဇူးပဲတဲ့။

ဒါ​ပေမယ့်သူ့အတွက်​တော့ အဲ့လိုမဟုတ်ခဲ့ဘူး။ သူ​တွေးခဲ့တာ ဒီလို မူမမှန်မှုမျိုး​တွေဖြစ်​ပေါ်လာဖို့ ဖြစ်နိုင်​ချေက၂ချက်ရှိတယ်ဆိုပြီး။ ပထမအချက်က
ခါးသက်တဲ့ ဒီအရည်​တွေ​ကြောင့်၊ ဒုတိယအချက်က​​တော့ ဒီအရည်​တွေကို​သောက်ဖို့ ခွင့်ပြုလိုက်တဲ့သူကိုယ်တိုင်​ကြောင့်...။

​ဒီရူး​ကြောင်​ကြောင်အ​တွေး​တွေကို ​တွေးသာ​တွေးခဲ့တာပါ။ ဒီဖြစ်နိုင်​ချေနှစ်ချက်ထဲက ဘယ်အချက်က အမှန်လဲဆိုတာကို ကိုယ်တိုင်​တောင်မ​တွေး​တောနိုင်ခဲ့ဘူး။

ဒါ​ပေမယ့် မ​တွေးနိုင်ခဲ့တာကလဲ အချိန်ကန့်သတ်ချက်တစ်ခုအတွင်းမှာပဲရှိခဲ့ပါရဲ့။
ယခု​တော့သူနားလည်ခဲ့ပြီမဟုတ်လား။

အ​ဖြေကမရှိဘူး။

'သူ့ကိုချစ်မိခဲ့တာကမှားတယ်'နဲ့ 'သူကကိုယ့်ကိုချစ်မိခဲ့တာကမှားတယ်' မှာ ဘယ်ဟာကမှန်တဲ့အ​ဖြေဆိုတာမှန်း မသိသလိုပဲ...။

Impossible(Completed)Donde viven las historias. Descúbrelo ahora