" ကျွန်တော်မှားတာ ကိုကို့ ကို စချစ်မိလိုက်တာကိုက ကျွန်တော်မှားတာ "
နှုတ်ခမ်းကြီးဆူကာ ပတ်ချွဲနပ်ချွဲ လုပ်နေသော သူ့ရှေ့က ကလန့်ကလား ကောင်ကို Mashi ရယ်ချင်စိတ်နဲ့ ကြည့်နေမိသည် ။
သူ့ပုံစံကြီးကြည့်ကာ စိတ်ထဲက သေလောက်အောင် ရယ်ချင်နေသော်လည်း မရယ်မိအောင် နှုတ်ခမ်းကိုက်ကာ ဇွတ်ထိန်းထားရသည် ။ ဘာလို့ဆို ခု ကျွန်တော်က ဒီကလန့်ကလား ကောင်ကို ညနေက ကိစ္စကြောင့် စိတ်ကောက်နေတာမလား ။ ခုတော့ ကိုယ်တော်လေးက ကျွန်တော့်ကို ချော့ဖို့ ကျွန်တော့်အခန်းထဲ တကူးတက လာရင်း နှုတ်ခမ်းကြီးဆူကာ စိတ်ကောက်ပြေဖို့ချော့နေပါသတဲ့ ။
တော်တော် တတ်နိုင်တဲ့ ကလန့်ကောင် ။" မင်း အခန်း မင်းပြန်တော့ Ruto ၊ မင်း နှုတ်ခမ်းကြီး ဆူပြနေရုံနဲ့ ငါ စိတ်ဆိုးပြေမှာ မဟုတ်တာသိရက်နဲ့ "
" ကိုကိုကလည်း ၊ ကိုကို့ အခန်းထဲမှာပဲ အိပ်လိုက်တော့မယ်လေနော် "
" မရဘူး "
ကျွန်တော် ဘူး ခံငြင်းလိုက်ပြီး အခန်းမီးကို ပိတ်ကာ အိပ်ယာပေါ် ပစ်လှဲချလိုက်တော့တယ် ။ ဒီနေ့လေ့ကျင့်ရတာ သိပ်ပင်ပန်းခဲ့ပြီ မလား ။ Basketball ကို ဝါသနာ တစ်ခုအတွက်တင်မဟုတ်ပဲ Career တစ်ခုအတွက်ထိပါ တွေးတောရွေးချယ်ထားခဲ့တော့ ကိုယ့်အတွက်ထိုက်တန်တဲ့ နေရာတစ်ခုရဖို့အရေး ကြိုးစားရတာက တကယ်ကိုမလွယ် ။ ပြီးဒီ ကလန့်ကောင်လေးက သူ့အခန်းကိုလုံးဝ မပြန်မှာလည်းသေချာနေပြီလေ ။ မွေ့ယာက အိကနဲ တစ်ချက် ဖြစ်သွားပြီးနောက် ကိုယ်တော်လေးက သူ့အရပ်ကြီးမှအားမနာ ကျွန်တော့် ရင်ခွင်ထဲ တိုးဝင်လာရင်း အသံတိုးတိုးလေးနဲ့ ရေရွတ်လာသည် ။
" ကိုကို အနားကို လာနိုင်ဖို့ ကျွန်တော့်မှာ အများကြီး ကြိုးစားခဲ့ရတာ ကိုကို သိရက်နဲ့ "
ရင်ခွင်ထဲ ခေါင်းကိုတိုးဝှေ့ရင်း တရှုံ့ရှုံ့လုပ်နေတဲ့ကိုယ်တော်လေးရဲ့ခေါင်းက ဆံပင်တွေကို တစ်ချက်ဖွလိုက်ရင်း ...
" တော်တော့ ငါနားလည်ပြီ ၊ နောက်တစ်ခါသာ ရန်မဖြစ်နဲ့တော့ ၊ မင်းမျက်နှာနုနုလေးက အမာရွတ်တွေနဲ့အလှဆင်ရလောက်အောင် တန်ဖိုးမမဲ့ဘူးနော် Ruto "

YOU ARE READING
All about TREASURE short story ...
Short StoryTREASURE ရဲ့ Ship တွေအတွက် One Shot လေးတွေအကုန်ကို ဒီ အောက်မှာ Suuchen up ပေးပါမယ် 🌿 ကဲ ဖတ်ဖို့အသင့် ...?!