" Hello ကျောင်းသား Kim Do Young လား
ခင်ဗျ "" ဟုတ်ပါတယ် ကျွန်တော်ပါ "
" ဟုတ်ကဲ့ပါ ၊ ကျောင်းသားကကျွန်တော်တို့ ဆေးတက္ကသိုလ် ဝင်ခွင့် ရေးဖြေစာမေးပွဲမှာ အရည်အချင်းပြည့်မီတဲ့အတွက် နှုတ်ဖြေစာမေးပွဲ ဆက်လက်ဖြေကြားပေးဖို့ ဖုန်းဆက်အတည်ပြုတာပါခင်ဗျား "
" အာ ... ဟုတ်ကဲ့ ၊ ကျေးဇူးပါခင်ဗျ ကျွန်တော် ဖြေဖြစ်မဖြေဖြစ် ပြန်လည်ဆက်သွယ်ပါ့မယ် ခင်ဗျာ ... "
ကလောက်ဟူသော မြည်သံနှင့်အတူ အဝင် Call က အဆုံးသတ်သွားသည် ။ screen ပွင့်လျက်သားဖုန်းက တော့ သူ့ဘေးမှာ ငြိမ်သက်လျက်သား ။
" ဟူး ... ... "
ရင်ထဲက အပူတွေကို ပါစပ်က တစ်ဆင့်မှုတ်ထုတ်လိုက်ရင်း ဖုန်း Call တစ်ခုကိုပါ တစ်ဆက်တည်းသူနှိပ်လိုက်သည် ။
" Hello , Omma ကျွန်တော်ရေးဖြေ
အောင်တယ် ...အင်း နေလည်းကောင်းပါတယ် ...
အင်း ထမင်းလည်းဂရုစိုက်စားပါ့မယ် ...
အားလုံးအဆင်ပြေပါတယ် omma ရဲ့
အာ အသံလား အသံက ဒီတိုင်း
ဟုတ် ဒါဆို ဖုန်းချလိုက်တော့မယ်နော် "
ပြောစရာရှိတာတွေ အကုန်ဆက်တိုက်ပြောပြီး ဖုန်းကို ချပစ်လိုက်သည် ။ ဒီတစ်ခါ ဖုန်း screen ကိုပါ ပိတ်ချလိုက်ရင်း ဒုတိယမြောက် သက်ပြင်းတစ်ခုကိုပါ တွဲကာ ချလိုက်မိပြန်သည် ။
ဟူး ... မွန်းကျပ်လိုက်တာ ... ။
တစ်ကယ်ဆို ခုသူဇွတ်တိုးဝင်ဖို့လုပ်နေတဲ့ ဆရာဝန်ဆိုတဲ့ဘဝကို သူဘယ်တုန်းကမှ
ရချင်ခဲ့တာမှမဟုတ်တာလေ ။ မေမေ့ကြောင့်သာ ။ မေမေ့ ကျန်းမားရေးကြောင့်သာ ။ မဟုတ်သေးဘူး ဆေးရုံအုပ်ဖေဖေနဲ့ အထွေထွေအထူးကုပါရဂူ ကိုကြီးကြောင့်သာ ...မဟုတ်သေးဘူး ... တစ်ကယ်က သိပ်ကိုဘောင်ခတ်ချင်လွန်းကြတဲ့ မေမေ့တို့ရဲ့ အတ္တတွေကြောင့်သာ ....
ဘဝကြီးက တကယ်တစ်ခါတစ်လေ ရယ်ဖို့ကောင်းသား ။ ငယ်ငယ်ကတည်းက သေလုမတတ်သူကြိုးစားခဲ့ရသမျှက မိဘတွေရဲ့ အတ္တတွေ အတွက်တဲ့လား ။

YOU ARE READING
All about TREASURE short story ...
Short StoryTREASURE ရဲ့ Ship တွေအတွက် One Shot လေးတွေအကုန်ကို ဒီ အောက်မှာ Suuchen up ပေးပါမယ် 🌿 ကဲ ဖတ်ဖို့အသင့် ...?!