<<<🔞 Episode 2 🔞>>>

3.2K 84 0
                                    

Episode 2

Unicode

[ကျွန်တော့်နာမည်က လော့ယွင်ရှီး ရင်းနီးတဲ့သူတွေကတော့ လီယို လို့ခေါ်ကြတယ်။ လော့အိမ်တော်ရဲ့ တစ်ဦးထည်းသော သားဆိုပါတော့။ ကျွန်တော့် မိသားစုက ဆရာဝန်မျိုးရိုး China မှာရှိတဲ့ Lou Hospital တွေအကုန်လုံးက ကျွန်တော်တို့အပိုင်။ ကျွန်တော်က ကျန်တဲ့3ယောက်နဲ့ မတူတာတချက်ရှိတယ်။ အဲ့တာက ကျွန်တော့်မှာ လက်ထပ်ရမယ့်သူရှိနေပြီးသားဖြစ်နေတာပဲ။

မိဘတွေရဲ့ မျိုးရိုးအစဥ်အလာကြောင့် ပိုင်အိမ်တော်ရဲ့ သမီးအကြီး ပိုင်လုဆိုတဲ့မိန်းကလေးနဲ့ လက်ထပ်ဖို့ စီစဥ်ထားပြီးသားဖြစ်နေခဲ့တယ်။ ကျောင်းပြီးတာနဲ့ လက်ထပ်​ပေးကြတော့လို့ပြောတယ်။ အရင်ဆုံးစေ့စပ်ထားရမယ်ပြောလို့ ပြီးခဲ့တဲ့နှစ်ကပဲစေ့စပ်လိုက်ရတယ်။ ပိုင်လုက ကျွန်တော့်ထပ် ၃နှစ်ကြီးတယ်။ ဆရာဝန်တယောက်လည်းဖြစ်တော့ ဆရာဝန်မျိုးရိုးဖြစ်တဲ့ လော့အိမ်တော်က အထွေထွအထူးကုနာမည်ကြီးဆရာဝန်ဖြစ်တဲ့ ပိုင်အိမ်တော်ရဲ့ သမီး ပိုင်လုကို ချွေးမအဖြစ် လက်မခံနိုင်စရာအကြောင်းမှမရှိတာပဲလေ မဟုပ်ဘူးလား]

[ကျွန်တော့်နာမည်က‌တော့ ရှောင်‌ရှောင်းကျန့် နိုင်ငံခြားက သူတွေကတော့ Sean လို့ခေါ်ကြတယ်။ အိမ်က မိသားစုနဲ့ ဟိုကောင် ၃ကောင်ကတော့ ငကျန့်လို့ခေါ်တယ်။ ကျွန်တော်က ရှောင်အိမ်တော်ရဲ့ တဦးတည်းသောသား။ ကျွန်တော်တို့မျိုးရိုးကထူးဆန်းတယ်။ ရှေးခေတ်က နန်းတွင်းမျိုးရိုးလို့ပြောရမလားပဲ။ အရင်မင်းဆက်တွေလက်ထပ်က မင်းကြီးရှိသလို မင်းဆက်အုပ်ချုပ်ရေးစနစ်နဲ့သာတိုင်းသူပြည်သားတွေကို အုပ်ချုပ်စေတယ်။

ပါးပါးလက်ထပ်ရောက်တော့ မင်းဆက်အုပ်ချုပ်ရေးစနစ်ကိုမကျင့်သုံးတော့ပဲ သမ္မတအုပ်ချုပ်ရေးစနစ်ကိုသာကျင့်သုံးတယ်။ ခေတ်အဆက်ဆက်ပြောင်းလဲလာတာနဲ့အမျှ အုပ်ချုပ်ရေးစနစ်တွေလည်းပြောင်းလဲသွားတယ်ဆိုပါတော့။ ပါးပါးက နောက်ဆုံးရှောင်မင်းဆက်ဖြစ်တဲ့ ရှောင်ထန်းမင်းကြီးရဲ့ တစ်ဦးထည်းသောသားတော်ဖြစ်တာကြောင့် နိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဖြစ်နေပေမယ့်လို့ မင်းဆက်အုပ်ချုပ်ရေးစနစ်မရှိတော့တာကြောင့် နိုင်ငံရဲ့ အကြံပေးတိုင်ပင်ခံအဖြစ် အလုပ်လုပ်နေတယ်။ တနည်းအားဖြင့် နိုင်ငံရဲ့ သမ္မတနဲ့ Level တူရာထူးမျိုးပေါ့။ မားမားကတော့ နန်းတွင်းထဲမှာနေရတာကြောင့် အခုချိန်ထိ ရိုးရာဝတ်စုံဝတ်ပြီးသာ နေရသလို အပြင်သွားမှသာ နိုင်ငံခြားအဝတ်စားမျိုးဝတ်ရတယ်။

&quot;မြို့တော်ဝန်၏ အသည်းညှာ&quot; 《COMPLETED》Where stories live. Discover now