The Boy Next Door

22 3 0
                                    

The boy next door

" ဟိုဘက်အခန်းက ကောင်လေးက သမီးကိုမှ မဟုတ်ရင် ဘယ်သူကိုမှ Guide ခေါ်မသင်ဘူး ဆိုပြီး သောင်းကျန်းနေလို့တဲ့ အဲ့တာ သူ့သားကို Guide လာလုပ်ပေးပါလား ဆိုပြီး သူ့အမေ အခုပဲ အမေ့ကို လာပြောသွားတယ် အဲ့တာ သမီးသဘောကရော ဘယ်လိုလဲ "

အမေ မေးလာတော့ ရုတ်တရက်ကြီးမို့ ခဏကြောင်သွားမိတာတော့ အမှန်

ဒီတိုက်ကို ကိုယ်တွေ ပြောင်းလာခဲ့သည်မှာ မကြာသေး

ခြောက်ထပ်တိုက်မို့ အခန်း ၁၂ ခန်းရှိသော်လည်း လူနေသည်က ၆ခန်းတည်းမို့ တစ်ခန်းနှင့်တစ်ခန်း မိသားစုဝင်တွေလို ရင်းနှီးအောင် နေထိုင်ကြသည်

သို့သော် ဒီတိုက်ကို ကိုယ်တွေ ပြောင်းလာခဲ့သည်မှာ မကြာသေးခင်ကမို့ ထိုဘေးခန်းမှ ကောင်လေးနှင့်လည်း ကိုယ်က မျက်မှန်း တန်းမိရုံသာ

ဒါကို ထိုကောင်လေးက ကိုယ်နဲ့ပဲ စာသင်ချင်ပါသည်ဆိုတာကတော့ အထူးတဆန်းပင်

ကိုယ် Guide ပြတာကို သူ ဘယ်လို သိသွားတာပါလိမ့် အိမ်တက်နေ့က အဖေပြောတာတော့ ထိုကောင်လေးက ကိုယ့်အိမ်က အိမ်တက်အလှုမှာ လာစားရင်း အဖေ့ကို ကိုယ့်အကြောင်းတွေချည်း မေးသွားတာတဲ့

" ကောင်လေးက ၉တန်းတစ်နှစ်ကျထားဖူးတော့ အခု ၁၀တန်းမှာလည်း ထပ်ကျမှာစိုးလို့ အိမ်မှာပဲ Guide ခေါ်သင်မလို့ကို အဲ့ကောင်လေးက သမီးကိုပဲ ခေါ်ပေးဆိုလို့ပါတဲ့ အဲ့တာ သမီး သင်ပေးနိုင်လား အမေကတော့ သမီးကို မေးပြီးရင် ဖုန်းပြန်ဆက်လိုက်မယ်လို့ ပြောထားတယ် သမီးလည်း အခု ဘွဲ့ယူဖို့စောင့်နေတုန်း အားနေတာပဲ သွားသင်ပေးလိုက်ပါလား ဘေးအခန်းတင်ဆိုတော့ ညဘက်စာသင်ရင်းနောက်ကျသွားလည်း အဆင်ပြေတယ်လေ "

ကိုယ်အတွေးလွန်နေစဥ်မှာပဲ အမေက ထပ်မေးလာသည် အမေ့ရဲ့ စကားအသွားအလာအရ ပတ်ဝန်းကျင်အသစ်ကို ရင်းနှီးစေချင်နေသည်မို့ ခေါင်းသာငြိမ့်ပြလိုက်ရတော့သည်

ဒီလိုနဲ့ နာမည်တောင် မသိသေးသည့် ဟိုဘက်အခန်းက ကောင်လေးကို နေ့တိုင်း ည ၇နာရီမှ ၉နာရီအထိ Guide ပြပေးဖို့ အကြောင်းဖန်လာတော့သည်

You've reached the end of published parts.

⏰ Last updated: Nov 17, 2021 ⏰

Add this story to your Library to get notified about new parts!

မောင်Where stories live. Discover now