one shot

23 6 0
                                    

တအားညညျ့နက်နေတဲ့ ညတစ်ည​ပေါ့ အိမ်ရှေ့ဝန်းတံခါးကို
ကောင်လေးတစ်ယောက် အရက်တွေတအားမူးပီး ရီဝေလည်လည်နဲ့ လာခေါက်တယ်
သွားကြည့်လိုက်တော့ ၉တန်း၁၀တန်း နှစ်နှစ်လုံး အခန်းတူတူဖြစ်ခဲ့တဲ့ကျွန်တော့် သူငယ်ချင်း နာမည်က ထက်ဘုန်းရှိန် တ​ဲ့  ကျွန်တော်က အိမ်ဖော်ဦးလေးကြီးနဲ့ နှစ်ယောက်ထဲ နေရတာဗျ ဆယ်တန်းပီးတော့ မိဘတွေက အိမ်ခွဲပီးနေခိုင်းတာပေါ့ဗျာ

အဲ့ညတုန်းက အိမ်ဖော်ဦးလေးကလည်း သူ့ရပ်ရွာကို ပြန်သွားတာဗျာအဲ့ကျ ကျွန်တော်တစ်ယောက်ထဲပေ့ါဗျာ ကျွန်တော်လည်း သူ့ကို မြင်လိုက်တော့ အဖော်ရပီဆိုပီး တွေးမိတယ်
သူတစ်ခုခုကို အ​တော်လေးစိတ်
ညစ်လာပုံရတယ်
သူ့ကို ကျွန်တော် မေးလိုက်တယ်
“မင်းဘာဖြစ်လာတာလဲ” လို့
သူပြောသလောက်ဆိုရင်တော့
သူ့ကောင်မလေးနဲ့ အကြီးကျယ်ကို ရန်ဖြစ်လာတာတဲ့ ပီးတော့အရက်ကမူးနေတာဆိုတော့ သူပြောတာတွေက လုံးလုံးလုံးလုံးနဲ့ဗျ
သူပြောသလိုဆိုရင်တော့
ကောင်မလေး က သူ့ကို ဖောက်ပြနျသှားတဲ့ ပံုပဲဗျ အဓိကကတော့ သူ့ကိုနှစ်သိမ့်ပေးမဲ့လူလိုနေတာပေါ့ဗျာ
ကျွန်တော်သိရသလောက်ဆို ကောင်မလေးက ကျွန်တော်
တို့ထက် တစ်နှစ်လောက်ငယ် ကျွန်တော်တောင်အခုမှ၁၇လေဗျာ အဲ့ကျ သူက၁၆ပဲရှိသေးတယ်လေ စိတ်ကစားတဲ့အရွယ်မဟုတ်လား??

သူ့ကိုကြည့်နေရင်း ကျွန်တော်တွေးနမေိတယျ
“သူနဲ့ ကျွန်တော် ၂ယောက်ထဲက
၁ယောကျက​တော့ ရူးနေပီဆိုတာသေချာတယ်
သူလည်း ကျွန်တော်ချစ်နေတာကို သိနေတယ် လို့ပဲထင်နေတယ်
ကျွန်တော်ကလည်း
သူ့ကို မစွန့်ခှာနိုင်သလို ချစ်နေမိတာကိုလည်းဖှင့်ပြောဖို့ မဝံ့ရဲဘူး
အျော. . . ဒီလို အရက်တွေ မူးနေတာတောင် သူ့ကောင်မလေးနာမည်ကို
တတှတျတှတ်ရွတ်နေတယ်တဲ့လားဗြာ . . . .

သူ့ကိုတိတ်ဆိတ်လေးကြညျ့​နေရင်း
ကြေကွဲနေတဲ့ ကျွန်တော့်ကို
သူမြင်နိုငျ​နေပါ့မလား??

သူကလေ အရမ်းကိုချောတာဗြ
အရမ်းလည်းဆွဲဆောင်အားပြင်းတာ
သူ့ကိုတစ်ခါမြင်တိုင်း တစ်ခါပိုပိုပီး
ခစ်ြမိသွားသလိုပဲ. . .

You've reached the end of published parts.

⏰ Last updated: Apr 04, 2021 ⏰

Add this story to your Library to get notified about new parts!

I love u the way u love meWhere stories live. Discover now