Day 3

302 40 0
                                    

ဒိုင်ယာရီရေ ...
အချစ်တွေကျပျောက်ခဲ့တယ်ဆိုတဲ့ကောင်မလေးကို
ငါကောက်ရခဲ့တယ်ဆိုတာ
အစအနောက်သန်တဲ့ကံကြမ္မာရဲ့ဟာသတစ်ပုဒ်လား





မနေ့ကတစ်နေ့လုံး နေရာအသစ်တွင် အနားယူရင်းကြည်နူးခဲ့ရတာမို့ သူ့စိတ်က အထူးကြည်လင်နေသည်။ ကြည့်ရတာတော့ မနေ့ကရောက်ရောက်ချင်းနေ့မို့ အိမ်ကိုဖုန်းဆက်မပြောလိုက်ရလို့ ဆက်တိုက်ခေါ်ထားသော ကိုကို့ဖုန်းများအကြောင်းကိုတော့ သူထည့်မတွေးထားသောကြောင့်လည်း ဖြစ်ဟန်တူသည်။

ပြီးတော့ သူနေသောဟော်တယ်အခန်းကနေကြည့်လျှင် မျက်စိတဆုံး ကမ်းခြေကြီးကိုမြင်နေရသောကြောင့်လည်း ပါမည်။ သူနှင့်မျက်နှာချင်းဆိုင်အခန်းကကောင်မလေးကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါနိုင်သည်။

သူကသာအကောင်းတွေမြင်နေပုံရ၏။ Son Chaeyoung ကတော့ သူနေချင်သောဟော်တယ်တွင်မနေရတာမို့ ကျေနပ်ပုံမရပဲ စူပုပ်ပုပ်နှင့် ထမင်းစားပွဲတွင်ထိုင်လို့။ သူတို့က ပင်လယ်နှင့်နီးသော Kensington Jeju Hotel ကို ရွေးခဲ့ကြပြီး ထိုတစ်ယောက်ကတော့ ဓာတ်ပုံရိုက်လို့ရသော Marriott Jeju Shinhwa World Hotels & Resorts ကို ရွေးချယ်ချင်ခဲ့သည်။

ရယ်စရာတော့အကောင်းသား။ သူများကိစ္စတွေစိတ်မဝင်စားတတ်သောသူက ထိုကောင်မလေးကိုကျမှ အကြောင်းပြချက်မရှိပဲ လိုက်ကြည့်နေတတ်ခဲ့၏။ အခြားသူများသိကုန်လျှင် ရယ်စရာဖြစ်မည်မို့ သူ ဘယ်သူ့ကိုမှမပြောပဲ ရေငုံနှုတ်ပိတ်၍သာ Son Chaeyoung ကို မသိမသာထိုင်ကြည့်နေမိသည်။

ထိုကောင်မလေးက သူ့ထက်တော့သေချာပေါက်ငယ်မည့်ပုံနှင့်။ ကင်မရာကြိုးကိုလက်တွင်ရစ်ပတ်ထားပြီးလက်တစ်ဖက်နှင့်ကိုင်ပုံက တစ်နည်းတစ်ဖုံကြည့်ကောင်းနေသလို မျက်မှောင်ကုတ်ထားသော သူ့မျက်နှာနုနုလေးကျပြန်တော့ သူဟာ ကလေးသာသာဆိုတာ ဖော်ပြနေသယောင်။

သည်လိုဆန့်ကျင်ဘက်တွေပေါင်းစပ်ထားသောထိုကောင်မလေးက ထမင်းစားပွဲအလယ်တွင် လက်ပိုက်ကာမကျေနပ်ကြောင်းထိုင်အော်နေသည့်ပုံက သူ့အာရုံစိုက်မှုကိုရနေတာ ထူးတော့မထူးဆန်းဘူးမဟုတ်လား။

7 Days in LoveWhere stories live. Discover now