Chp(3)Beta's Brief Encounter

4.4K 985 10
                                    

[Unicode]    

   Betaက နောက်ဆုံးအကဲဖြတ်ပွဲကိုကျော်ဖြတ်သွားနိုင်ပြီဖြစ်တဲ့အတွက် သူတက္ကသိုလ်ကို ဝင်ခွင့်ရသွားတယ်။ သူ့ကိုသတ်မှတ်ပေးထားတဲ့အဆောင်ခန်းရှေ့ရောက်တော့ သူတံခါးဖွင့်လိုက်ပြီး မိတ်ဆွေဟောင်းနှစ်ယောက်ဖြစ်တဲ့ အရှည်ကြီးနဲ့အပုလေးရဲ့အကြည့်တွေနဲ့ဆုံခဲ့တယ်။

     Betaက စိတ်သက်သာရာရသလိုသက်ပြင်းချလိုက်တယ်။ကျေးဇူးတင်လိုက်တာ,သူ အခြားbetaနှစ်ယောက်နဲ့  အိပ်ဆောင်တူတူနေရမှာပဲ!!(≧▽≦)

     အရှည်ကြီး: "...."

     အပုလေး: "...."

    သူတို့မျက်နှာမှာဝေခွဲမရခြင်းတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်တယ်။

    အိပ်ဆောင်တစ်ခုစီတိုင်းမှာ လူလေးယောက်သာနေရပြီး သူတို့တွေက အခြားအခန်းဖော်နှစ်ယောက်ကိုတောင် အစောကြီးကတည်းကနှုတ်ဆက်ပြီးနေပြီ။ ဒီကောင်လေးက ဘာလို့ဒီမှာ နေဖို့သတ်မှတ်ခံရတာလဲ?

    တစ်စုံတစ်ယောက်က တံခါးလာမခေါက်ခင်ထိ အိပ်ဆောင်တံခါးပေါ်မှာ ကိုးယိုးကားနိုင်မှုတွေအနည်ကျသွားပါပြီ။

    Betaက သူ့ရဲ့အခန်းဖော်betaနှစ်ယောက်နဲ့ ကောင်းကောင်းမနှုတ်ဆက်ရ‌သေးခင်မှာ တပ်ရေးက သူ့ကိုဆွဲခေါ်သွားပါပြီ။

    Betaရဲ့နှလုံးသားက ကြမ်းတမ်းစွာတဒုန်းဒုန်းမြည်နေပေမဲ့ သူတည်ငြိမ်ယောင်ဆောင်ပြီး သူ မာရှယ်ကိုတကယ်တွေ့နိုင်မလားဆိုတာကို မမေးခဲ့ပါဘူး။ အဲဒီအစား သူမေးခွန်းထုတ်လိုက်တယ် "ကျွန်တော်အစောပိုင်းက တိုက်ပွဲကွင်းမှာ အခြားbetaတွေကိုမတွေ့ခဲ့ပါဘူး...ဒီမှာ ကျွန်တော်တို့ကျောင်းသားbetaသုံးယောက်ပဲရှိတာလား?"

      တပ်ရေး Pu Buhanက ပြောစရာစကားမဲ့သွားတယ်။ သူ မပီမပြင်နဲ့သာတုန့်ပြန့်နိုင်လိုက်တယ် "ဟုတ်တယ်,မင်းတို့သုံးယောက်တည်း..."

     Betaက တပ်ရေးနောက်လိုက်လာရင်း မာရှယ်ရဲ့ရုံးခန်းရှေ့ ရောက်လာခဲ့တယ်။ သူ့စိတ်တွေကို လမ်းတစ်လျှောက်လုံးရှင်းလင်းလာခဲ့တယ်။

     သို့သော် တပ်ရေးက တံခါးမခေါက်ရသေးခင်မှာ တံခါးကရုတ်တရက်  အထဲကနေပွင့်လာခဲ့တယ်။ မာရှယ်က သူ့ရဲ့စစ်ဦးထုပ်ကိုဆောင်းထားရင်း ရုံးခန်းအပြင်ကိုထွက်လာခဲ့တယ်။ သူ့ရဲ့ခမ်းနားထည်ဝါတဲ့အရှိန်အဝါတွေက Betaရဲ့စိတ်တွေကို ဗလာဖြစ်သွားစေပြီး တုံ့ပြန်မှုကင်းမဲ့ကာ သူသတိအနေအထားနဲ့ရပ်နေခဲ့တယ်။ အဲ့အချိန်မှာ တပ်ရေးကအလေးပြုခဲ့တယ်။

Betaတစ်ဦးမှာလည်း အိပ်မက်တွေ ရှိပါတယ် {ဘာသာပြန်} [completed]Where stories live. Discover now