2. around 1995

2.3K 363 23
                                    

(U)

1992 ခုနှစ် မေလ 6 ရက်

မွေးခန်းထဲက သူငယ်ချင်းဖြစ်သူရဲ့ စူးစူးဝါးဝါးအော်သံတွေကြောင့် Mrs. Park တစ်ယောက် ထိုင်မရထမရတွေဖြစ်နေသည်။

ကျောင်းတက်တည်းက အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သည့်အပြင် အိမ်ချင်းကပ်နေတဲ့အိမ်နီးချင်းလည်းဖြစ်တာကြောင့် သူတို့မိသားစုနှစ်ခုရဲ့ ရင်းနှီးမှုက မိသားစုဝင်ဆွေမျိုးတွေလိုပင်၊၊

'' အားစိုက်ထား အားစိုက်ထား ''

'' အား! ! ''

Mrs. Park တင်စိတ်ပူနေသည်မဟုတ်။

မကြာခင် ကလေးအဖေဖြစ်တော့မည့် Mr. Byun ကလည်းမွေးခန်းရှေ့တွင် ဆောက်တည်ရာမရဖြစ်လို့နေသည်။

မိန်းမဖြစ်သူနဲ့ မွေးဖွားလာမယ့်ကလေးငယ်အတွက်လည်း စိတ်ပူရသလို မကြာခင်လူ့လောကထဲသို့အခြေချကာ ဝင်ရောက်လာတော့မည့် ကလေးငယ်လေးအတွက်လည်း စိတ်လှုပ်ရှားနေလေသည်။

နာရီဝက်လောက်ကြာတော့ မွေးခန်းထဲကနေ ဆရာဝန်မတစ်ယောက်ကထွက်လာပြီး သတင်းကောင်းကိုယူဆောင်လာသည်။

'' သားလေးမွေးပါတယ်...Mr. Byun ရေ
ကလေးအမေရော ကလေးရော ကျန်းကျန်းမာမာပါပဲ ''

Mr. Byun နည်းတူပင် Mr. Park တို့လင်မယားနှစ်ယောက်ကလည်း ဂုဏ်ပြုစကားဆိုကာပြုံးပျော်နေကြသည်။

'' ဘာလို့အပင်ပန်းခံပြီးလာရတာလဲ မပေါ့မပါးကြီးနဲ့ကို.. ကိုယ်ဝန်က နှစ်လတောင်ရှိနေပြီမလား ''

Mrs. Byun ကအားနာသလိုပြောလိုက်တော့ Mrs. Park ကရယ်ကျဲကျဲသာ။

'' ကလေးက ချစ်စရာလေးနော်.. နင်နဲ့ပိုတူတယ် ''

ဒီလိုနဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နောက်ခြောက်လလောက် ကြာသောအခါ ထိုဆေးရုံမှာပင် Mrs. Park ကလည်း တစ်ဦးတည်းသောသားလေးကို ကျန်းကျန်းမာမာ မွေးထုတ်နိုင်ခဲ့သည်။

...

'' အဲ့ဒါ ငါ့ဟာ ''

'' ဘာမှမဟုတ်ဘူး အဲ့ဒါငါ့ဟာ ''

'' ငါ့ဟာ ငါ့ကိုပြန်ပေး! ''

'' ငါ့ဟာပါဆို ! ''

ဘယ်အရုပ်ဝယ်ဝယ်ဆင်တူဝယ်သော နှစ်ယောက် ၊
ဘယ်အကျႌဝယ်ဝယ်ဆင်တူလိုချင်သော နှစ်ယောက် ၊
ဘယ်အသုံးအဆောင်မဆို ဆင်တူဖြစ်နေသော သူတို့နှစ်ယောက်ရဲ့ ရန်ပွဲသည် အဆုံးသတ်သည်ဟူ၍မရှိ။

Childhood Crush [COMPLETED] Where stories live. Discover now