ဖယောင်းခဲလေးတစ်ခုကိုအပူပေးပြီးပုံစံခွက်တစ်ခုထဲလောင်းထည့်လိုက်တဲ့အခါ နောက်တစ်ကြိမ်
အရည်မပျော်မချင်းအဲ့ဒီပုံစံလေးအတိုင်းမပြောင်း
လဲဘဲရှိနေပေမယ့် ဖယောင်းခဲလေးရဲ့နူးညံ့တဲ့ဂုဏ်သတ္တိကတော့ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ်ဘယ်တော့မှမပြောင်းလဲနိုင်ဘူးလေ...
စနစ်တကျပုံသွင်းခံထားရတဲ့ Luhan ဆိုတဲ့ကောင်မလေးရဲ့ဘ၀ကတော့ လူတကာအမြင်မှာ သိပ်ထက်မြက်တယ် မာနကြီးတယ် ပြတ်သားလွန်းတယ် သနားငဲ့ညှာစိတ်နည်းတယ် လို့ပဲသိထားကြတယ်လေ မှန်ပါတယ် Luhan ဆိုတာကလည်းအဲ့ဒီလို
ကောင်မလေးမျိုးပါ
Japanနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းလုပ်ငန်းရှင်ကြီး Mr.Kris ရဲ့သမီး Luhan လူကုံတန်အသိုင်းအ၀ိုင်း
ရဲ့ယှဉ်ပြိုင်ထိုးနက်မှုတွေကြားမှာ အသက်အရွယ်နဲ့
မလိုက်အောင်ရင့်ကျက်ခဲ့ရတဲ့သူမရဲ့ဘ၀. သူမရဲ့ချမ်း
သာကြွယ်ဝမှုနဲ့ ကျော့ရှင်းနေတဲ့သူမရဲ့အလှ ဒါတွေက
လူတော်တော်များများသိထားတဲ့ Luhan ဆိုတဲ့
မိန်းကလေးတစ်ယောက်ရဲ့ပြီးပြည့်စုံနေတဲ့ဘ၀ပါ
ဒီလိုသူမရဲ့ကမ္ဘာကြီးကိုဖန်တီးပေးခဲ့သူက Luhan
ရဲ့ omma Suho.....
Luhan ကို သူမရဲ့ omma ပြောနေကျစကား
တစ်ခွန်းရှိပါတယ်
''ကိုယ့်ရဲ့အားနည်းချက်ကို တစ်စုံတစ်ယောက်သိသွားတဲ့နေ့ဟာ ကိုယ်ကျရှုံးတဲ့နေ့ပဲ´´
ဒီစကားလေးတစ်ခွန်းကရိုးစင်းလွန်းမကရိုးစင်းပေမယ့် Luhan ရဲ့ omma Suho အတွက်ကတော့ ဘ၀ကြီးတစ်ခုလုံးရင်းပြီးမှရခဲ့တဲ့သင်ခန်း
စာ တစ်ခုပဲလေ အဲ့ဒါကြောင့်လည်း lu ရဲ့ဘ၀ကို
Omma ကဒီစကားတစ်ခွန်းနဲ့စနစ်တကျပုံသွင်း ခဲ့တာပဲ...