Ch - 8

157 30 1
                                    

Unicode ( Zawgyi below)

SungChan's POV

အရာအားလုံးဟာတိတ်ဆိတ်နေတယ်ဆိုရင် ဒါဟာစိတ်ကိုခြောက်ခြားစေလား ဒါမှမဟူတ်ရင်တည်ငြိမ်စေသလား

မီးရောင်အောက်မှာ စာရွက်နဲ့ဓာတ်ပုံအချို့တင်ထားတဲ့ စားပွဲခုံဟာ ကျွန်တော်နဲ့ရဲအရာရှိ ၂ ယောက်ကိုခြားနားထားတယ်

သူတို့ကကျွန်တော့်ကို တကယ့်လူသတ်တရားခံလိုမျိုးကြည့်ကြတယ်
တစ်ယောက်က စစ်မေးတာကိုအဖြေမှန်လိုချင်တဲ့ပုံနဲ့ကြည့်ပြီး နောက်တစ်ယောက်ကတော့ တရားခံဖြစ်နေလို့ဝန်ကိုဝန်ခံရမယ်ဆိုတဲ့အားမလိုအားမရမှုတွေနဲ့ကြည့်နေတယ်

သူတို့ကသူတို့ရဲ့အလုပ်ဖြစ်တဲ့ဒီစစ်ရေး ကြောရေးမှာအင်မတန်ကျွမ်းကျင်သူတွေလို့ယူဆနိုင်တယ်
သူတို့ကအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်နိုင်တဲ့အပြင် ပင်ကိုအရည်အချင်းလည်းရှိတာကြောင့် သူတို့လိုချင်တဲ့အဖြေကိုမရမကဆွဲသွင်းပြီးလည်းမေးနိုင်တယ်

ဒါကြောင့်မို့ သူတို့ဟာတရားခံလို့သတ်မှတ်ထားရင် သူတို့ရဲ့မေးခွန်းအသွားတွေဟာ တရားခံဖြစ်လာစေဖို့ဖြေနိုင်မယ့်မေးခွန်းတွေချည်းပဲ

သူတို့မေးတာကိုပဲဖြေရင်းနဲ့ သူတို့ရဲ့တချို့သောမေးခွန်းတွေမှာ ထစ်အသွားခဲ့ရင် ကျွန်တော်ဟာ ချက်ချင်းမဖြေနိုင်လို့မရိုးသားလို့တရားခံဘဝကိုလုံးလုံးကိုရောက်သွားနိုင်တယ်

ရဲနှစ်ယောက်ကကျွန်တော့်ကိုသေချာစိုက်ကြည့်နေရုံမှအပဘာမေးခွန်းမှမမေးသေးဘူး

စစ်မေးတဲ့အလုံပိတ်အခန်းကတိတ်ဆိတ်လွန်းနေတယ် သူတို့ စာရွက်တစ်ရွက်ကိုလှန်တိုင်း ၊ ဓာတ်ပုံအထောက်အထားတစ်ခုကိုကိုင်တိုင်း ထွက်လာတဲ့အသံတွေက အနည်းငယ်ပဲ့တင်ထပ်ပြီးကျယ်ချင်တယ်

ဒါ့ကြောင့် တိတ်ဆိတ်ခြင်းက စိတ်ကိုတည်ငြိမ်စေသလား ခြောက်ခြားစေသလားကျွန်တော်ရေရေရာရာမသိတော့ပါ

အခုလောလောဆယ်တော့ ဒီတိတ်ဆိတ်ခြင်းကကျွန်တော့်ကို နည်းနှစ်မျိုးလုံးနဲ့ရိုက်ခတ်နိုင်စွမ်းမရှိပါ

မင်းမှလွဲ၍ (မင္းမွလြဲ၍ )Where stories live. Discover now