My only ,the One {U}

914 22 3
                                    

🎼🎼Here's to the ones that we got
Cheers to the wish you were here, but you're not
'Cause the drinks bring back all the memories
Of everything we've been through
Toast to the ones here today
Toast to the ones that we lost on the way
'Cause the drinks bring back all the memories
And the memories bring back, memories bring back you🎼🎼

Maroon 5 ၏ "Memories bring back" သီချင်း ringtone သံသည် အခန်းလေးထဲတွင် အတန်ကြာပျံ့နှံ့လျက်. . .

တစ်ဖက်တွင်လည်း ရေချိုးခန်းထဲက အမျိုးသားတစ်ဦး အားရပါးရ သီချင်းညည်းကာ ရေချိုးနေသည်။

ဖြေဆိုသူမဲ့နေသော ကျွန်းညိုရောင် စားပွဲပေါ်က ဖုန်းလေးခမျာ ​missed calls ငါးကြိမ်ခေါ်ပြီးသည့်အခါ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ခါးတစ်ပိုင်းကို ရေချိုးတဘက် ပတ်လာပြီး ရေစိုနေသော ခေါင်းအား တဘက်ဖြင့် သုတ်ကာ ဘာရယ်မဟုတ် ရေချိုးခန်းထဲက မှန်ကို ကြည့်လိုက်သည်။ ခေါင်းလျှော်ထားသောကြောင့် ဆံပင်ပေါ်မှ ရေစက်လက်များသည် ကြွက်သား အမြှောင်မြှောင်ဖြင့် ကျစ်လျစ်နေသော ခန္ဓာကိုယ်ပေါ်သို့ တွယ်ခို စီးဆင်းနေလျက်။

သူပြုံးလိုက်မိသည်။ ကိုယ့်ကိုယ်ကို ကျေနပ်အပြုံး လို့ ဆိုရမလား??? ဒီနေ့ဟာ သူသိပ်ချစ်ခဲ့ရတဲ့ ချစ်သူကို ချစ်ရေးဆိုကာ လက်ထပ်ခွင့်တောင်းမည့်နေ့ လည်းဖြစ်သလို ချစ်ရသူရဲ့ မွေးနေ့လည်းဖြစ်သည်။ ဒါကြောင့် အရေးပါတဲ့နေ့ဖြစ်တာကြောင့် သူကိုယ့်သူ အသေအချာရွှိင်းရမည်။

အသေအချာ ဖြီးလိမ်းပြင်ဆင်ပြီး နောက်ဆုံး တစ်ခေါက် အနေနဲ့ မှန်ကို ကြည့်လိုက်သည်။ ကော်လံ ကို သေသေရပ်ရပ် ခေါက်ပြီး မျက်နှာကို ဘယ်တစ်ပြန် ညာတစ်ပြန်ကြည့်နေသော အသက် 25 နှစ် အရွယ် Xiao Zhan ဆိုသည့်လူသည် ခန့်ညားတင့်တယ်နေသည်။

ဖုန်းအား ယူလိုက်တော့ screen ပေါ်က *"💚ဝမ်လေး🐷💚"
Missed calls (5) * ဆိုသည့် notification ကို တန်းတွေ့လိုက်သည်။
Xiao Zhan မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ချက်ချင်းပင် ဖုန်းခေါ်လိုက်တော့ တစ်ဖက်တွင် ''လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင့် "
call operator အသံကြားရသောကြောင့် ချက်ချင်းပင် ဖုန်းချလိုက်သည်။

သူ ဖုန်းခေါ်တာ မကိုင်လို့ *ဝမ်လေး စိတ်ကောက်သွားပြီ။ ထပ်ချော့ရမည့် အလုပ်တစ်လုပ်ပိုလာပြီ * ဆိုသော အတွေးဖြင့် Xiao Zhan ခမျာ ပြုံးစိစိဖြင့် ဝမ်လေးရှိရာသို့ ကားမောင်း ထွက်လာခဲ့သည်။

My Only,the One (One Shot)Where stories live. Discover now