ကဖေးဆိုင်လေးရဲ့ မှန်တံခါးနံရံပေါ် close ဆိုတဲ့ ဘုတ်ပြားတစ်ချပ်ကို ချိတ်ဆွဲပြီးတဲ့နောက် ရိပေါ်သက်ပြင်းချလိုက်တယ်။ သော့တွေ အဆင့်ဆင့်သေချာခတ်နေရင်း သူ တစ်ချက်သမ်းဝေမိတယ်။ ပုံမှန်အတိုင်း ဒီနေ့ဟာလည်း သူ့အတွက် ပင်ပန်းတဲ့နေ့တစ်နေ့သာဖြစ်တယ်။
ဝတ်ထားတဲ့ ကုတ်အကျႌအိတ်ထဲ လက်နှစ်ဖက်ထည့်ရင်း ရိပေါ်ရဲ့ အိမ်ပြန်လမ်းက လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ရှိနေတယ်။ နွေဦးပွဲတော်ကြောင့် လမ်းတစ်လျှောက်က သစ်ပင်တွေနဲ့ အဆောက်အအုံတွေမှာ မီးတန်းတွေစီတန်းထားတယ်။ လမ်းရဲ့ ဘေးဘက်တွေဆီမှာ ပစ္စည်းအရောင်းဆိုင်ငယ်လေးတွေရှိတယ်။
လက်ချင်းချိတ်လို့ သွားနေကြတဲ့ ချစ်သူစုံတွဲတွေကြား ရိပေါ်က တစ်ကိုယ်တည်းဖြစ်နေတာနဲ့ ပတ်သတ်ပြီး တကူးတက လိုက်တွေးမနေဘူး။ နွေဦးညရဲ့ အလှအပကို ခံစားဖို့ထက် အိပ်ရောက်တဲ့အခါ တန်းအိပ်ပစ်လိုက်ဖို့ သူ တွေးနေလိမ့်မယ်။
နွေဦးည လေပြေက နေရာအနှံ့ လှည့်ပတ်သွားလာနေတယ်။ ခပ်ဖြေးဖြေးလျှောက်လာတဲ့ ခြေလှမ်းတွေနဲ့ ရှောင်ကျန့်က လက်ထဲမှာ ကင်မရာတစ်လုံးကို ကိုင်ထားတာက
မြင်မြင်သမျှကို ဓာတ်ပုံလှလှလေးအဖြစ် ရိုက်သိမ်းတတ်တဲ့ ဝါသနာကြောင့် ဖြစ်ပါလိမ့်မယ်။ရိပေါ်က ခေါင်းကို ငိုက်စိုက်ထားပြီး သူ့ရဲ့ခြေလှမ်းတွေကိုသာ အာရုံစိုက်နေတယ်။ တစ်ဖက်က ရှောင်ကျန့်က သူရိုက်ထားခဲ့တဲ့ ပုံတွေကို ပြန်ကြည့်ပြီး လျှောက်လာရင်း ဘေးပတ်ဝန်းကျင်ဆီ အာရုံစိုက်ဖို့ မေ့နေတယ်။
အဲ့ဒီရဲ့ နောက်ဆက်တွဲကတော့ လမ်းခုလတ်တစ်နေရာမှာ သူတို့ နှစ်ယောက်ဝင်တိုက်မိကြတော့တာကလွဲ ဘာဖြစ်နိုင်ဦးမှာလဲ။ သူတို့နှစ်ယောက်ရဲ့ ခြေလှမ်းတွေက ပြိုင်တူရပ်တန့်သွားကြတယ်။ လမ်းပေါ်က အရာရာက ပုံမှန်အတိုင်း လှုပ်ရှားနေကြဆဲ။
" အာ့ .. "
အနည်းငယ်နာသွားကြတဲ့ ပခုံးစွန်းတွေကို ဖိပြီး အာမေဋိတ်သံတွေက သူတို့နှစ်ယောက်လုံးဆီက ပြိုင်တူဖြစ်တယ်။
" တောင်းပန်ပါတယ် ကျွန်တော် မမြင်လိုက်လို့"
တောင်းပန်စကားစဆိုသူက ရှောင်ကျန့်ဖြစ်ပြီး
ရိပေါ်က ငြိမ်သက်နေရင်း မှဲ့နက်လေးတစ်ခုကို ငေးနေမိတယ်။ ဘယ်လိုဆွဲငင်အားတွေကြောင့်လဲမသိပေမယ့် ရိပေါ်က အကြာကြီးငေးနေခဲ့မိတာတော့ အမှန်။