Unicode
ကာလကား ၁၉၆၀ ဝန်းကျင်။
အချိန်ကား ညဉ့်နက်သန်းခေါင်ယံရောက်လုအချိန်။
ပေကျင်းဘူတာရုံထဲသို့ ကျောပိုးအိတ်လွယ်ထားသော အသက် ၂၀ ကျော်အရွယ် လူငယ်လေးတစ်ဦး ဝင်ရောက်လာသည်။
၁၁:၄၇ မှာ ပေကျင်းကနေ ယဲ့ဟန်ကို သွားမယ့် နောက်ဆုံးရထားနဲ့ လိုက်ပါစီးနင်းရန် ဖြစ်တဲ့အတွက် ထိုလူငယ်က နာရီကို တစ်ချက် ကြည့်လိုက်သည်။ အချိန်ရနေသေးတဲ့အတွက် ကျောပိုးအိတ်ကို ရင်မှာပိုက်ပြီး ခရီးသည်တွေ ခေတ္တနားကြတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်လေသည်။
လူငယ်လေး ထိုင်နေရာနဲ့ မလှမ်းမကမ်းမှာတော့ သူနဲ့ မတိမ်းမယိမ်း ဒါမှမဟုတ် အနည်းငယ် အသက်ပိုကြီးသယောင်ထင်ရတဲ့ လူတစ်ယောက်က နံရံကိုကျောမှီလို့ ရပ်နေရင်း လက်ထဲမှာ စာစောင်တစ်ခုကို ကိုင်ထားလေသည်။
နှုတ်ခမ်းမှာလည်း စီးကရက်တစ်လိပ်ကို ခဲထားရင်း လူငယ်လေးနဲ့ မျက်နှာချင်းဆိုင်အနေအထား ဖြစ်အောင် နေရာပြင်ယူလိုက်သည်။
ကောင်လေးကတော့ သူ့ကို သတိမထားမိဘဲ အိပ်ရေးပျက်လာလေဟန် ခုံတွေကိုဆက်လို့ ရင်ခွင်ထဲ ပိုက်ထားတဲ့ ကျောပိုးအိတ်ကို ခေါင်းအုံးရင်း အိပ်နေတော့သည်။
လူငယ်လေးက အနက်ရောင်ဂျင်းသားဘောင်းဘီအကျပ်ကို အနက်ရောင်တီရှပ်အကပ်နဲ့ တွဲဖက် ဝတ်ဆင်ထားသည်။ အပေါ်ကနေပြီး အနီနဲ့အနက်အကွက်ပါတဲ့ ရှပ်အင်္ကျီလက်ရှည်ပွပွကြီးကို ထပ်ဝတ်ထားပေမယ့် ဗိုက်သားချပ်ချပ်နဲ့ သွယ်လျကျစ်လျစ်နေတဲ့ ကိုယ်ဟန်က ပေါ်လွင်နေလေ သည်။
စီးကရက်အငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း စာစောင်ကို နှစ်ခေါက် ခေါက်လို့ ဖတ်သယောင် ပြုလိုက်သည်။ ဒါပေမယ့် ပိုးလို့ပက်လက်အိပ်နေတဲ့ လူငယ်လေးဆီ မျက်မှန်အောက်က မျက်လုံးတွေ ကို စင်းလို့ ထပ်ကြည့်မိသွားသည်။
"ခရီးသည်များရှင်... မကြာမီအချိန်အတွင်းမှာ ပေကျင်းမှ အမြန်ရထား စတင်ထွက်ခွါတော့မှာ ဖြစ်တဲ့အတွက်....."
ရထားဝန်ထမ်းအမျိုးသမီးက အထပ်ထပ် ကြေညာနေပြီ။ လူငယ်လေးက အိပ်ကောင်းနေတုန်း ပါလား။
![](https://img.wattpad.com/cover/265299623-288-k265078.jpg)
YOU ARE READING
Loudly Silent - One Shot
FanfictionUnicode တိတ်ဆိတ်ခြင်းက ကျယ်လောင်လွန်းတယ်.... Loudly Silent ဆိုတဲ့ one shot လေးကို မအသွန်း အတွက် လက်ဆောင် ပေးပါရစေ။ ခေတ်ကောင်းစဉ်က ရေးပေးပါ့မယ်လို့ ကတိပေးခဲ့တာ။ အရမ်းကြာသွားခဲ့လို့ တောင်းပန်ပါတယ်နော်။ ဘေးကင်းလုံခြုံပါစေ မအသွန်း။ 💚♥️ Date: 2021040...